Breaking

ရန်ကုန်မြို့ပတ်ရထား နေ့စဉ်ခရီးသည် ၉၀၀၀ ဝန်းကျင်  ရှိနေပြီး ရုံးပိတ်ရက်များတွင် စီးနင်းသူပိုများ

၂၀၂၃  စက်တင်ဘာ ၁၈
    ရန်ကုန် မြို့ပတ်ရထားခရီးသည် အရေအတွက်မှာ နေ့စဉ် ၉၀၀၀ ဝန်းကျင် ရှိနေပြီး ရုံးပိတ်ရက်များတွင် စီးနင်းသူ ပိုမို များပြားနေကြောင်း မြန်မာ့မီးရထားမှ သိရ သည်။
    "စီးနင်းတဲ့ ခရီးသည် တိုးလာတယ်။ ရုံးပိတ်ရက်ဆိုရင် ၉၀၀၀ ကျော်တယ်။ ကျန်တဲ့ရက်ဆိုရင် ၇၀၀၀ ကျော်၊ ၈၀၀၀ ကျော်ရှိနေတယ်။ အခုက ရုံးပိတ်ရက် နှစ်ရက်ကများတယ်ဗျ။ စနေ၊ တနင်္ဂနွေ နေ့ကျရင် ရုံးပိတ်ရက် အားလပ်ရက်ဆိုတော့ မြို့ပတ်ရထားစီးတဲ့သူ များလာတဲ့ သဘောရှိတယ်"ဟု မြန်မာ့မီးရထားတိုင်း အမှတ် (၇)၊ ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    မြို့ပတ်ရထား ခရီးစဉ်တစ်လျှောက်တွင် ဘူတာကြီး အပါအဝင် မြို့ပတ်ဘူတာရုံပေါင်း ၃၈ ရုံရှိပြီး မြို့ပတ်ရထား ခရီးစဉ်များကို တွဲဆိုင်းခြောက်ဆိုင်းဖြင့် ပြေးဆွဲပေးနေကြောင်း အထက်ပါ တာဝန်ရှိ သူက ပြောသည်။
    ရန်ကုန်မြို့ပတ်ရထားစီးနင်း လက်မှတ်ခများကို ယခင်က ၁၅ မိုင်ကို ကျပ် ၁၀၀၊ ၁၅ မိုင်အ ထက်ကို ကျပ် ၂၀၀ သာ ကောက်ခံနေရာက ၂၀၂၂ ခုနှစ် ဇူလိုင် လ ၁ ရက်ကစတင်ကာ လက်မှတ်ခ နှုန်းထားများကို ၁၅ မိုင်အတွင်းကို ကျပ် ၂၀၀၊ ၁၅ မိုင်အထက် ကျပ် ၃၀၀ ဟူ၍ ကျပ် ၁၀၀ စီ တိုးကောက်ခံခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

Total Views ~ 404

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61546

© 2022 - 2026 News. All Rights Reserved.