Breaking

ရန်ကုန်လှိုင်မြို့နယ်ရှိ မိုးရေသန့်စက်ရုံမှအမိုးနီးယားဂတ်စ်အိုယိုစိမ့်ပျံ့နှံ့နေမှုကြောင့် အနီး၀န်းကျင်နေသူများ အသက်ရှူကျပ်မှုများ ဖြစ်ပွားနေကြောင်း သတင်းပျံ့နှံ့နေ

၂၀၂၃ ၊ ဇန်နဝါရီ ၁၂
ရန်ကုန်မြို့ လှိုင်မြို့နယ်အုတ်ကျင်း -ဘူတာရုံလမ်းပေါ်ရှိ မိုးရေသန့်စက် ရုံသည် ယနေ့ (ဇန်နဝါရီ ၁၂) ရက် ည ၈နာရီကျော်အချိန်မှ စတင်ကာ အမိုးနီးယားဂတ်စ်အိုးယိုစိမ့်ပျံ့နှံ့နေသည့်အတွက် အနီး၀န်းကျင်နေ အများ ပြည်သူများ အသက်ရှူကျပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ပျံ့ နှံ့လျက်ရှိနေသည်။


အုတ်ကျင်းဘူတာရုံလမ်း အရှေ့ပေ ၅၀ အနီး အနံ့ဆိုး ဖြစ်နေမှုသည် မည်သို့မျှ မခံနိုင်အောင် ဖြစ်ရကြောင်း၊ အရမ်းဆိုးနေသည့်အ တွက် ကူညီပြီး အဖြေရှာပေးကြရန်နှင့် လှိုင်မြို့နယ် ရန်ကုန် ၁၃ရပ် ကွက်နှင့် ၁၆ရပ်ကွက်နေသူများမူးလဲခြင်း၊ မျက်လုံးစပ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နေဟု လူမှုကွန်ယက်ပေါ်တွင် မှတ်ချက်အသီးသီးရေးသားလျက်ရှိနေ သည်။

Total Views ~ 356

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63878

© 2022 - 2026 News. All Rights Reserved.