Breaking

ရန်ကုန်-ဒလမြစ်ကူး သင်္ဘော တွင် ဗုံးပေါက်ကွဲမှု ထိခိုက်ဒဏ်ရာရရှိသူ ၁၇ဦးရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်-ဒလမြစ်ကူး သင်္ဘော
တွင် ဗုံးပေါက်ကွဲမှု ဖြစ်ရာ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ဦးရှိကြောင်း လင်းလတ် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်လင်းလတ်ကအတည်ပြုပြောကြားသည်။
"ဒဏ်ရာရတာ ၁၇ယောက်ပါရှင်၊ အမျိုးသမီး၂ယောက်၊ အမျိုးသား ၁၅ယောက်ပါရှင့်။ဖြစ်စဥ်ကတော့ ရန်ကုန်ဘက်ကမ်းကနေ ဟိုဘက်ကို လူကူးတဲ့သင်္ဘော
ပေါ့နော် ဟိုဘက်ကမ်းကူးမယ့် သင်္ဘောပေါ်မှာ ဗုံးပေါက်တာပါ။ ကမ်းမခွာခင် ကမ်းခွာကာနီး အဲ့မှာပေါက်တာပါရှင်။ အသက်သေးဆုံးတာမရှိဘူး။ ပြင်းထန်လူနာ ၅ယောက်ပါတယ်။ ကျန်တာကတော့ ဗုံးဆန်ထိတဲ့ ဒဏ်ရာတွေပေါ့။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အားလုံးပို့ဆောင်ပြီးပါပြီ"ဟု၄င်းကပြောသည်။
ဒလမြို့နယ်တွင်နေထိုင်သူ ဦးရာဇာက"ညနေ ၆နာရီ ၂၀လောက်ကပေါက်တာ။ ချယ်ရီပေါ်မှာ"ဟုပြောသည်။

Total Views ~ 555

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63875

© 2022 - 2026 News. All Rights Reserved.