Breaking

ရွှေတိဂုံစေတီတော်တွင် CCTV ကင်မရာ အလုံးရေ ၅၀၀ ခန့် တိုးမြှင့်တပ်ဆင်

၂၀၂၃ စက်တင်ဘာ ၂၀
    ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ CCTV ကင်မရာအလုံးရေ ၅၀၀ ခန့် တပ်ဆင်ထားကာ ဘုရားဖူးပြည်သူများအား လုံခြုံရေးပေးနေသည်ဟု စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲထံမှ သိရ သည်။
    ယခင်က CCTV ကင်မရာအလုံး ရေ ၂၀၀ ကျော်တပ်ဆင်ထားရာ ယခုအချိန်ခါတွင် ထပ်မံ၍ အလုံး ၃၅၀ ကျော်ကိုပါ တိုးချဲ့တပ်ဆင်၍စုစုပေါင်း အလုံးရေ ၅၀၀ ခန့်ဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေခြင်း ဖြစ်သည်။
    ယခင်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၊ စောင်းတန်းလေးသွယ်နှင့် ဘုရားဝတ္တက မြေအတွင်း၌သာ CCTV ကင်မရာများကို တပ်ဆင်ထားပြီး နောက်ပိုင်းထပ်တိုးတပ်ဆင်ရာတွင် စေတီ တော်သို့ ဝင်ထွက်ရာလမ်းတစ်လျှောက်နှင့် အာဇာနည်လမ်းတစ်လျှောက်တိုတွင်ပါ တပ်ဆင်ထား ကြောင်း သိရသည်။
    ထို့ကြောင့် လက်ရှိအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသ့ို လာရောက် ဖူးမြော်ကြသူများ အထက်ဖော်ပြပါ ကင်မ ရာများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စေတီ တော် လုံခြုံရေးအဖွဲ့များ၊ X-Rays စက် များဖြင့်ပါ လုံခြုံရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်းဆိုသည်။
    ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီ တော်မြတ်ဖြစ်သည့်အပြင် လရာသီအလိုက် ဘာသာရေးအထိမ်းအမှတ်နေ့များတွင်လည်း ဘုရားဖူးပြည်သူ သိန်းပေါင်းများစွာ လာရောက်ဖူးလေ့ရှိရာ လာမည့် စက်တင်ဘာ ၂၉ ရက် တော် သလင်းလပြည့်နေ့တွင်လည်း ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    ဝါတွင်းကာလအလွန် သီတင်းကျွတ်လတွင်လည်း မီးထွန်းပွဲတော်နှင့် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားများ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။    

Total Views ~ 541

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.