Breaking

လာမည့် မတ်လအတွင်း မြန်မာနိုင်ငံတွင် ကိုရီးယားအစားအစာပြပွဲ ကျင်းပရန် ဆွေးနွေး

၂၀၂၃ စက်တင်ဘာ ၂၀

          လာမည့် မတ်လအတွင်း မြန်မာ နိုင်ငံတွင် ကိုရီးယားအစားအစာပြပွဲ ((Korea Food Festival)) ကျင်းပ ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)နှင့် CMS KOREA မှတာဝန်ရှိသူများ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          CMS KOREA  မှ ကိုယ်စားလှယ် Mr. Yeom Duk Jong  နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၈ ရက်တွင် မြန်မာနိုင်ငံတွင် ကိုရီးယားအစားအစာပြပွဲ (Korea Food Festival) လာရောက် ကျင်းပမည့် ကိစ္စနှင့်စပ်လျဉ်း၍ အသင်းချုပ်သို့ လာရောက်တွေ့ဆုံခဲ့ရာ  ကုန်သည်စက်မှုအသင်း ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်တို့က လက်ခံတွေ့ ဆုံခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်တွင် ကုန်သည်စက်မှုအသင်း ချုပ်နှင့်ပူးပေါင်းပြီး ကိုရီးယားအစားအစာပြပွဲ (Korea Food Fair) ကို စည်ကားသိုက် မြိုက်စွာ ကျင်းပရန် ထည့်သွင်းဆွေးနွေးခဲ့ ကြသည်။

          ထို့အပြင် ယခုနှစ် ဒီဇင်ဘာတွင် ကိုရီးယားနိုင်ငံ၊ Chungju မြို့၊ ပြည်နယ် အစိုးရကိုယ်စားလှယ်များ ဦးဆောင်၍ ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများနှင့် ပြပွဲကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးသွား ပြီး ကိုရီးယား အသေးစား၊ အငယ်စား၊ အလတ်စား ကုမ္ပဏီပေါင်း ၂၀၀ ခန့် ဖိတ်ခေါ်ကျင်းပသွားရန် ထည့်သွင်းဆွေး‌‌နွေးခဲ့သည်။

           UMFCCI တာဝန်ရှိသူများအား  CMS KOREA မှ လာရောက်တွေ့ဆုံမှုသည် အစားအစာပြပွဲကို ကျင်းပရန်အတွက် ပဏာမလာရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရပြီး နှစ်ဖက်တွေ့ဆုံသူများက ကိုရီးယား အစားအစာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အ စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 407

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.