Breaking

လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ ရန်ကုန်သို့ရောက်ရှိ

၂၀၂၃ ၊ မေ ၂၆

လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်( EV Motorcycle) များ ရန်ကုန်သို့ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြု ချက်ဖြင့် NCX Myanmar Co., Ltd. မှ တင်သွင်းလာ‌သော Wuyang Honda အမျိုးအစား လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် (၁၉၂) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယမန်နေ့ မေ ၂၅ ရက်က တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီသည် လျှပ်စစ်သုံးယာဉ်များ(အိမ်စီး ၊Taxi ၊ ၂ ဘီး၊ ၃ ဘီး၊ လုပ်ငန်းသုံးယာဉ် )တင်သွင်းခွင့်ကို ကုမ္ပဏီ ၃၁ ခုအား တင်သွင်းခွင့် ပြုထားခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ၃၁ ခုအနက် NCX Myanmar Co., Ltd. အပါအ၀င် ကုမ္ပဏီ ၃ခုခန့်မှာ မေလဆန်းပိုင်းက လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း EV Myanmar Group တည်ထောင်သူ ဦးကျော်ကျော်ထွန်းက ပြောကြားထားသည်။

Total Views ~ 548

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.