Breaking

ဝက်လက်မြိုနယ်၊ ရွာသာကြီးကျေးရွာရဲကင်းစခန်းမြေကို PDF အကြမ်းဖက်အဖွဲက ၎င်းတိုစခန်းဖွင့်ရန် ရှင်းလင်းလျက်ရှိပြီး ရွာသားကြီး-အရာတော်-မုံရွာသွားကားလမ်းပေါ်တွင်လည်း ယာဉ်များထံမှ ငွေကြေးကောက်ခံနေ

၂၀၂၃ ၊ ဇန်နဝါရီ ၂၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြိုနယ်၊ ရွာသာကြီးကျေးရွာရှိ ရဲ ကင်းစခန်းမြေနေရာအား PDF အ ကြမ်းဖက် သောင်းကျန်းသူအဖွဲမှ ၎င်းတိုစခန်းဖွင့်လှစ်ရန် ရှင်းလင်းလျက်ရှိပြီး တောင်သူလယ်သမား နှင့် ရွာသားကြီး-အရာတော်-မုံရွာသွားကားလမ်းပေါ်၌ ဖြတ်သန်းသွားလာသော ယာဉ် များအားတား ဆီး၍ ငွေကြေးကောက်ခံနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် နံ နက်၁၀ နာရီခွဲခန့်တွင်  ဝက်လက် မြိုနယ်၊ ရွာသာကြီးကျေးရွာရှိ ရဲ ကင်းစခန်းမြေနေရာအား ရွာသာကြီးကျေးရွာနေ PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲမှ ခေါင်း ဆောင် အောင်မြင့်သိန်း(ခ)ကြက်သိန်း ၃၆ နှစ် ဦးဆောင်သည့် အင် အား ၅၀ ဦးခန့်မှ PDF အကြမ်းဖက်သောင်းကျန်းသူစခန်းဖွင့်လှစ် ရန် ရှင်းလင်းလျက်ရှိပြီး အဆိုပါ PDF အကြမ်းဖက်သောင်းကျန်းသူများ သည် လက်နက်/ခဲယမ်းများ ဝယ် ယူရန်အတွက် ကျေးရွာရှိ တောင် သူလယ်သမားများထံမှ လယ်မြေ ၁ ဧကလျှင်ငွေကျပ် ၁၅,၀၀ဝ ကောက်ခံလျက်ရှိသည့်အပြင် ရွာသာကြီး-အရာတော်-မုံရွာသွားကားလမ်းပေါ်၌ ဖြတ်သန်းသွားလာသောယာဉ်များအား တားဆီး စစ်ဆေး၍ ငွေကြေးကောက်ခံခြင်းများ ပြု လုပ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 373

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61566

© 2022 - 2026 News. All Rights Reserved.