Breaking

သင်္ကြန်ကာလအတွင်း YBS ယာဥ်လိုင်းများ ယာဥ်စီးခ ပုံမှန်အတိုင်း မကောက်ခံပါက တိုင်ကြားနိုင်

၂၀၂၃ မတ် ၁၃

သင်္ကြန်ကာလအတွင်း ယာဥ်လိုင်းအချို့ ပြေးဆွဲမှု ရပ်နားထားမည်ဖြစ်၍ ပြေးဆွဲမည့်ယာဥ်လိုင်းနှင့် ယာဥ်အစီးရေ စာရင်းကို တောင်းခံထားပြီး မြို့တွင်းပြေးဆွဲနေသည့်YBS ယာဥ်လိုင်းများကိုလည်း သင်္ကြန်ကာလအတွင်း ယာဥ်စီးခကိုပုံမှန်အတိုင်းကောက်ခံရန် ညွှန်ကြားထားကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

နှစ်စဥ် သင်္ကြန်ကာလအတွင်း YBS ယာဥ်များ ပြေးဆွဲခဲ့ပြီး ယာဥ်စီးခ ပိုမိုကောက်ခံခြင်းမပြုရန် YRTC မှညွှန်ကြားထားသော်လည်း ယာဥ်စီးခပိုမိုတောင်းခံမှုများသည် သင်္ကြန်ကာလတွင် အမြဲကြုံတွေ့နေရသည်။

YBS ယာဉ်မောင်းများအနေဖြင့် အရက်သေစာသောက်စားခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်း၊ ကြမ်းတမ်းစွာ မောင်းနှင်ခြင်းများရှိပါကလည်း  YRTC သို့ တိုင်ကြားကြဖို့နိုး​ဆော်ထားသည်။

Yangon Region Public Transport Committee-YRTC fb မက်ဆင်ဂျာတွင်တိုင်ကြားနိုင်သလို ဖုန်းနံပါတ် 09448147149 သို့ဆက်သွယ်တိုင်ကြားနိုင်သည်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၁၇ လိုင်း ယာဉ်စီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသွား ပြည်သူ ၁ ဒသမ ၄ သန်းကျော်ကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းများကိုလည်း လက်မှတ်ခစျေးတင်မရောင်းချရန် ညွှန်ကြားထားသည်။

Total Views ~ 602

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.