နေပြည်တော် ဧပြီ ၂
"မနက်ဖန်ပြုလုပ်မယ့် သမ္မတ ရွေးချယ်ပွဲကတော့ ကျွန်တော့်အနေနဲ့ အဖြေပေါပြီးသားလို မြင်ပါတယ်။ ကျွန်တော့်စိတ်ထင် တက်လာမယ့် သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်မယ်လို မှန်းထားတဲ့အတွက် ဒီနိုင်ငံရဲ့ လက်ရှိအခြေ အနေကို အရင်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးပဲ ဒီကိစ္စတွေကို ကိုင်တွယ်ခဲ့တယ်။ ရှေ့ဆက်လည်း သူက ဦးဆောင်ပြီး အမြင့်ဆုံးအာဏာကို ရယူပြီး ဒီနိုင်ငံကြီး ငြိမ်းချမ်းဖိုလိုပြီဆိုတာကို သူ့အနေနဲ့ သဘောပေါက်လောက်ပြီလို ယူဆပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ငြိမ်းချမ်းရေးကိစ္စကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်တော့မယ်လို ယူဆပါတယ်။ ရှေ့လာမယ့် အစိုးရက အစဥ်အဆက် အစိုးရတွေထက် သာအောင်လုပ်ပေးနိုင်ပါစေလို ဆုတောင်းတယ်။ မျှော်လည်း မျှော်လင့်တယ်"လို ဦးစိုင်းထွန်းလင်းက ပြောပါတယ်။
မနက်ဖြန် (ဧပြီလ ၃ ရက်) ကျင်းပမယ့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ . . .