Breaking

အကျိုးဆောင် အသိအမှတ်ပြု မှတ်ပုံတင်ဆိုသည်မှာ အိမ်ခြံမြေနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒများနှင့်အညီ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်

ရန်ကုန်၊ မတ် ၃၁

အိမ်ခြံမြေ လုပ်ငန်းများအတွက် အကျိုးဆောင် အသိအမှတ်ပြု မှတ်ပုံတင်ဆိုသည်မှာ အိမ်ခြံမြေနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒများနှင့်အညီ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ) ဥက္ကဌ ဦးဘိုနီဝင်းက မတ်၃၀ တွင် ကျင်းပသည့်မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ) ၊ AML/CFT ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၄၄/၂၀၂၆) ဖွင့်ပွဲအခမ်းအနား တွင်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ရေးဦးစီးဌာန၊ သဃ်န်းကျွန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(ဗဟို)ဥက္ကဌ ဦးနန္ဒကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ) ဥက္ကဌ ဦးဘိုနီဝင်းမှ သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ယ
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ) ဥက္ကဌ ဦးဘိုနီဝင်း က “ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး AML/CFT အသိပညာပေး သင်တန်းကို (၄၄) ကြိမ်မြောက် သင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာ ဆိုင်ရာ သက်ဆိုင်ရာဌာနဆိုင်ရာက တာဝန်ရှိသူတွေ၊ တက်သိပညာရှင်တွေကနေ ပြီးတော့ လာရောက်ပို့ချပေး မှာ ဖြစ်ပါတယ်။  အသိအမှတ်‌ပြုမှတ်ပုံတင်ဆိုတာ အိမ်ခြံမြေအကျိုး ဆောင်တိုင်းအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီ အကျိုးဆောင် အသိအမှတ်ပြု မှတ်ပုံတင်ဆိုတာကလည်း လာမယ့်အိမ်ခြံမြေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်း ကမ်းတွေ မူဝါဒတွေနဲ့အညီ ကြိုတင်ဆောင်ရွက်တဲ့ သဘောလည်းဖြစ်ပါတယ်။ အသိအမှတ်ပြုမှတ်ပုံတင်လျှောက်ဖို့ဆိုတာ စီမံခန့်ခွဲမှုနဲ့ အသိအမှတ်ပြု မှတ်ပုံတင်ကော်မတီက စည်းကမ်းချက်တွေ သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။သင်တန်းနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ စည်းကမ်းရှိစွာနဲ့လုပ်ကိုင်စားသောက်တဲ့အကျိုးဆောင်တွေ ပေါ် ထွက်လာအောင်လည်း အသင်းကနေ တာဝန်ယူဆောင်ရွက်ပေးနေရပါတယ်။ အဲဒီအတွက်ကိုလည်း ဒီလိုမျိုး သင်တန်းတွေကို ဖွင့်လှစ် ပို့ချရခြင်း ဖြစ်ပါတယ်” ဟု  ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး AML/CFT ဥပဒေဆိုင်ရာ သိကောင်းစရာတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ လည်းကောင်း၊ စည်ပင်မြေ ယာ  ဥပဒေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) ကနေ လည်း ကောင်း၊ အိမ်ခြံမြေ အကျိုးဆောင်တွေအတွက် ဒစ်ဂျစ်တယ်မားကတ်တင်းကိုတော့ ဆရာလင်း သိုက်ညွန့် ကနေ လည်းကောင်း၊ “FATF ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ နည်းလမ်းတွေနဲ့ လုပ်ထုံးလုပ်နည်း မိတ်ဆက်ခြင်းအား  မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(ဗဟို)ဒုဥက္ကဌ-၁ ဦး၀ဏ္ဍစိုးတို့မှ   သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ သက်မှူး

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61234

© 2022 - 2026 News. All Rights Reserved.