Breaking

အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ကို အဘူဒါဘီ မြန်မာသံရုံးတွင် ပထမနေ့အဖြစ် စတင်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၃
 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ကျင်းပပြုလုပ်မည့်  ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့)ကို မြန်မာသံရုံး၊ အဘူဒါဘီမြို့၌ ၂-၁၂-၂၀၂၅ ရက် (အင်္ဂါနေ့) နံနက် ၉နာရီခွဲအချိန်မှ ၄နာရီခွဲအချိန်အထိ ကျင်းပ ပြုလုပ်ခဲ့ာင်းသိရသည်။
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်းက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍  ကြိုတင်မဲပေးကြသည့် ဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
 ကြိုတင်မဲပေးခြင်းကို မြန်မာသံရုံး၊ အဘူဒါဘီမြို့တွင် ၂-၁၂-၂၀၂၅ ရက်မှ ၅-၁၂-၂၀၂၅ ရက်အထိ (၄)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ HM

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58535

© 2022 - 2025 News. All Rights Reserved.