အနုပညာလက်ရာစုံလှပြီး ဗုဒ္ဒသာသာနှင့်ပတ်သက်သည့် သမိုင်းကြောင်း အထောက်အထားများစွာရှိသည့် ရုရှားနိုင်ငံ အူလန်အူဒယ်မြို့ရှိ Leo Bardamov ပြတိုက်သို့ နစကဥက္ကဋ္ဌ၏ဇနီး ကြည့်ရှုလေ့လာ

ရန်ကုန်၊ ဇူလိုင် ၂ 
    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးယားပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်က အူလန်အူဒယ်မြို့ရှိ Leo Bardamov ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။
    နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘူရားတီးယားပြည်နယ် ဒုတိယအကြီးအကဲ Ms. Evgenia Yurievna Ludupova နှင့် Leo Bardamov ပြတိုက်မှတာ ဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
    ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် Leo Bardamov  ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး  နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် Leo Bardamov ပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး နောက် ပြတိုက်တာဝန်ရှိသူတို့မှ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ အဆိုပါ Leo Bardamov ပြတိုက်သည် အူလန်အူဒယ်မြို့တွင် တည်ရှိပြီး ရှေးခေတ် ဆိုဗီယက်လူမျိုးတို့၏ ယဉ်ကျေးမှုအနု ပညာလက်ရာများ၊ သမိုင်းကြောင်းများနှင့် စာပေများကို လေ့လာနိုင်သည့်အပြင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော်များအပြင် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာ ခံစားနိုင်ကြောင်း သိရသည်။ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ပြီး ပြတိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အသုံးအဆောင်များ စသည့် အနုပညာလက်ရာ အမျိုး အစားပေါင်း ၅၀၀၀ ကျော် ပြသထားရှိကြောင်း သိရသည်။   နဒီ

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.