အဖျက်အမှောင့် လုပ်ရပ်များကြားမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၈
    ရွေးကောက်ပွဲ အကြိုကာလတွင် နှောင့်ယှက်ဟန့်တားမှု ၅၄ ကြိမ်နှင့် ကျင်းပသည့်နေ့ရက်များတွင် နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သော်လည်း အဖျက်အမှောင့်လုပ်ရပ်များအကြားမှ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
    ထုတ်ပြန်ချက်အရအကြမ်းဖက် အဖျက်သမားသောင်းကျန်းသူ အုပ်စုများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလများတွင်  မြို့နယ်ပေါင်း ၄၁ မြို့နယ်၌ အများပြည်သူ ဆိုင်ရာနေရာများ၌ မဟုတ်မမှန် ဝါဒဖြန့် စာစောင်များဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန် လှုံ့ဆော်အော်ဟစ် ပြောဆိုခြင်း။ ဆဲဆိုခြင်း၊ မဲမပေးရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေး အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများအား ရိုက်ချိုးခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်၊ မဲရုံလုံခြုံရေး တပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်တိုက် ခိုက်ခြင်း လေးကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ခြောက်ကြိမ်၊ လက်လုပ်အသံမိုင်း ခွဲနှောင့်ယှက်ခြင်း နှစ်ကြိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ခြောက်ကြိမ်၊ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း သုံးကြိမ်၊ ရွေးကောက်ပွဲ တာဝန်ခံဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင်များအား လက်နက် ကိုင်ခြိမ်းခြောက်ခြင်း သုံးကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခြောက်ကြိမ်၊ စုစုပေါင်း ၅၄ ကြိမ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
    ထို့အပြင် အထွေထွေရွေးကောက် ပွဲအပိုင်း(၁) ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဒီ ဇင်ဘာ ၂၈ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၈၂)၌ လက်လုပ်အသံမိုင်း ဖောက်ခွဲခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက် အတွင်းသို့ ၁၀၇ မမ လက်လုပ်ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကရင် ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်အနီးနှင့် အမှတ်(၅)ရပ်ကွက်ရှိ မြန်မာ -ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီးတို့၌ ဒေသန္တရလက်လုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအား Fixed Wing  ဖြင့်ပစ်ခတ်ခြင်း၊ ခမောက်ကြီးမြို့ အောင်ချမ်းသာ ကျေးရွာအုပ်စု ယုဇနဆီအုန်းကုမ္ပဏီ မာရမ်းပျိုးခြံမှ ဆန္ဒမဲပေးရန် မဲရုံသို့ သွားရောက်သည့် ဆီအုန်းခြံလုပ်သား ၁၇၀ အား တားဆီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ မဲရုံအမှတ်(၂) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းမြို့တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ လက်လုပ်ရှော့ခ်တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တမူးမြို့ စော်ဘွား (၁) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၃) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ကသာမြို့ မြောက် ဘက်နှင့် တောင်ဘက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအတွင်းနှင့် အောင်မြေသာဇံမြို့နယ်အတွင်းတို့ သို့ ၁၀၇ မမ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့ ထွေ/အုပ်ရုံးအနီး၊ တရားရုံးအနီးနှင့် ဗဟိုအကျဉ်းထောင်ကြား လမ်းအနီးတို့သို့ Drop Bomb  တိုက်ခိုက်ခြင်း၊ ညောင်ဦးမြို့နယ် ဇုန်အမှတ်(၉)၊ မဲရုံ အမှတ်(၆၄)၊ အခြေခံပညာမူလတန်းကျောင်း (ပြွန်)စာသင်ကျောင်းအနီးသို့ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်အဖျက် အမှောင့်လုပ်ရပ်များကို ဒီဇင်ဘာ ၂၇ ရက် ညနေမှ ၂၈ ရက် ညနေပိုင်းအထိ အပိုင်း(၁) မဲဆန္ဒနယ် ၁၀၂ မြို့နယ်အနက် မြို့နယ် ၁၁ ခုတို့၌ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြရာ ပြည်သူငါးဦးခန့် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ထို့အပြင် အထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်သောင်း ကျန်းသူအဖျက်သမား အုပ်စုသည် ကယားပြည်နယ် ဖရူဆိုမြို့အတွင်းသို့ Drone များ အသုံးပြု၍ Drop Bomb ချ တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကမ်းကြီးအုပ်စု၊ တောင်သုံးလုံးကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့များ အတွင်းသို့ Fixed Wing များ၊ ရှော့ခ်တိုက်ဒုံးများ၊ Drop Bomb များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့ များအတွင်းသို့ လက်လုပ်ရှော့ခ်တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ် ရပ်များကို အပိုင်း (၂) မဲဆန္ဒနယ် ၁၀၀ မြို့နယ်အနက် ၁၀ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ သစ္စာရှိနိုင်ငံ့ ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဝန်ထမ်းနှစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
    ဆက်လက်၍ အထွေထွေရွေး ကောက်ပွဲအပိုင်း(၃) ကျင်းပသည့် ၂၀၂၆ ခု နှစ် ဇန်နဝါရီ ၂၅ ရက်တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုသည် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ အိုးအိမ် အိမ်ရာနှင့် နန့်ယားရွာလယ်တံတားနေရာများသို့ ၆၀ မမ စိန်ပြောင်းများ၊ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့၊ မြို့မရဲစခန်းအား Drone များ အသုံးပြု၍ Drop Bomb ချ တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နှင့် ဆားလင်းကြီးမြို့များအတွင်းသို့ Drop Bomb များ၊ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ မင်းကန်ဓာတ်ငွေ့ပိုက်လိုင်းနေရာ၊ ရုံးစည်ကြီးကျေးရွာ၊ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ထန်းတော)၊ မြင်းခြံမြို့နယ်အတွင်းရှိဌာန ဆိုင်ရာ အဆောက်အအုံ များနှင့် လယ်သစ်ကျေးရွာတို့အား Drop Bomb ချတိုက်ခိုက်ခြင်း၊ FPV Suicide Drone များဖြင့် တိုက်ခိုက်ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေး ရွာ၊ ဇေယျဝတီမြို့နယ် ညောင်ခြေထောက်ကျေးရွာနှင့် ရေတာရှည်မြို့နယ်တို့အား Drop Bomb ချ တိုက်ခိုက် ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို အပိုင်း(၃) မဲ ဆန္ဒနယ် ၆၁ မြို့နယ်အနက် ၁၁ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ အပစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
    ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့ နယ်၌ လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၁ မြို့နယ်၌လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။  

ထူးမြတ်

 

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60003

© 2022 - 2026 News. All Rights Reserved.