Breaking

အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ  ထောက်ကြံ့လမ်းဆုံတွင် အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူ

ရန်ကုန်၊ ဒီဇင်ဘာ ၇
   အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၏  အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ဒီဇင်ဘာ ၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့လမ်းဆုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
    မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ဇော် က "  ကျွန်တော်တို့ ပါတီအနေနဲ့က ပြည်သူလူထုအတွက် ဖြစ်နိုင်တာတွေကိုပဲ ချပြမယ်။ ချပြပြီးတော့ ကတိတည်အောင်လုပ်မှာပါ။ အမတ်လောင်းအဖြစ် ရွေးချယ်ခံရရင် ၅ နှစ်လုံး လစာမယူပဲ ပြည်သူ့အတွက် ဆောင်ရွက်ပေးမယ်။ ပြောချင်တာက လစာကို ကိုယ်ကျိုးအတွက် မသုံးပဲ မိဘမဲ့ကျောင်းတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲ ဖြစ်နေတဲ့ နေရာတွေကို ပြန်ပြီးတော့ လှူပေးမယ်။ ပြည်သူ့အကျပ် အတည်းဖြေရှင်းပေးဖို့ဆိုတဲ့နေရာမှာ အဓိကတော့ ကုန်စျေးနှုန်း ကျဆင်းရေးကိုဆောင်ရွက်ပေးမယ်။ ကုန်စျေးနှုန်းကြီးမြင့်တာကလည်း အဂတိလိုက်စားခြင်းကြောင့်  ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ လေ့လာ တွေ့ရှိရတယ် ။ မူဝါဒတစ်ရပ်နဲ့ ဆောင်ရွက်ပေးရင် ကုန်စျေးနှုန်း ကျဆင်းသွားမယ်။ ကျွန်တော်တို့က ပြည်သူတွေ အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။"ဟု ပြောကြားခဲ့သည်။
   အမတ်လောင်းဖြစ်ခဲ့ပါက  ပြည်သူ့အကျပ်အတည်း ဖြေရှင်းပေးရေးနှင့်  သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးကို အဆိုတင်သွင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
   အမျိုးသားဒီမိုကရေစီပါတီသစ် အနေဖြင့် ရန်ကုန်တိုင်းတွင် ပါတီဝင်အင်အားတစ်သောင်းကျော်ရှိကာ၊ ကိုယ်စားလှယ်လောင်း အနေဖြင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် မှ ဦးဇော်ဇော်နှင့် သင်္ကန်းကျွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေဝင်းသန်းတို့မှ ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ဒီမိုကရေစီကို အမှန်တစ်ကယ်လိုလားပါက မဲသွားပေးသင့်ကြောင်း ကိုယ်စားလှယ်လောင်း ဦးဇော်ဇော်က ထပ်မံပြောကြားခဲ့သည်။ သက်မှူး

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58715

© 2022 - 2025 News. All Rights Reserved.