အမျိုးသားစာပေဆုရှင် အသက် (၇၁)နှစ်ရှိ စာရေးဆရာညီပုလေး ကွယ်လွန်

၂၀၂၃ ဇွန်  ၂၁

အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေးဟာ ယနေ့ ဇွန်လ ၂၁ ရက်နံနက် ၁၀ နာရီက  နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့  မိသားစု အသိုင်းအဝိုင်းက အတည်ပြု ပြောကြားပါတယ်။

ဆရာညီပုလေး သည်   ဖခင်ဖြစ်သူ လူထုဦးလှနဲ့  မိခင်ဖြစ်သူ လူထုဒေါ်အမာတို့၏ ပဉ္စမမြောက် အငယ်ဆုံး သားဖြစ်ပြီး အမည်ရင်းမှာ ဦးငြိမ်းချမ်း (ခ) ဘိုညို ဖြစ်ပါတယ်။

ဆရာညီပုလေး ကွယ်လွန်ချိန်တွင် အသက် (၇၁)နှစ် ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက်အမျိုးသားစာပေဆုကို “ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်” စာအုပ်နဲ့ရရှိခဲ့သူဖြစ်ပါတယ်။

တိုးမြစ် စာအုပ်တိုက်က “ ဆရာ ညီပုလေး ကွယ်လွန်သွားတဲ့ ဆုံးရှုံးမှုအတွက် လွန်စွာမှ စိတ်ထိခိုက် ကြေကွဲ ဝမ်းနည်း ဖြစ်ရပါတယ်” လို့ ပြောကြားထားပါတယ်။

 

Total Views ~ 607

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63919

© 2022 - 2026 News. All Rights Reserved.