Breaking

အမြန်လမ်းတွင် ဒိုညီနောင် လိုင်းကား တိမ်းမှောက်မှု သေဆုံးသူများအနက် လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်းပါဝင်

၂၀၂၃မတ် ၄

ယနေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဒိုညီနောင်အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုအတွင်း သေဆုံးသူများအနက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်သည်ဟုသိရသည်။
ယနေ့ မတ် ၄ရက်နေ့ နံနက် ၆ နာရီခွဲကျော်က ရန်ကုန်- မန္တလေး အမြန်လမ်း ၁၆၇မိုင်တွင် ဒိုညီနောင်အမြန်ယာဉ်လိုင်းက ခရီးသည်တင်ကား တိမ်းမှောက်ပြီး  ၃ဦးသေဆုံးကာ ၂၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်သည် နေပြည်တော်ဘက်မှ ရန်ကုန်သို မောင်းနှင်လာခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်အတားအဆီးကို တိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ သေဆုံးသူများအနက် ရွှေဓူဝံလည်း ပါဝင်ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၃ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅ဦးနှင့် အမျိုးသမီး ၁၀ဦးတိုအား လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို ပိုဆောင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။

Total Views ~ 501

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61582

© 2022 - 2026 News. All Rights Reserved.