အလှဆင်နံပတ်ပြားတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်းနှင့် ဖြုတ်၍မောင်းနှင်ခြင်းများ ပြုလုပ်သည့်  ယာဉ်များကို ဥပဒေအရ ထိရောက်စွာ အရေးယူမည် 

ရန်ကုန် ၊ နို၀င်ဘာ ၂၆
  မော်တော်ယာဉ်များတွင် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာမှ ထုတ်ပေးသည့် မော်တော်ယာဉ်နံပါတ်ပြားမဟုတ်ဘဲ အခြားနံပါတ်ပြားတပ်ဆင်ခြင်း၊ မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားသည့်နံပါတ်ပြားများ တပ်ဆင်ခြင်း၊ အလှဆင်နံပါတ်ပြားများတပ်ဆင်ခြင်း၊ မော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များတွင် အသံပိုမိုကျယ်လောင်စေရန် အသံထိန်းကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာ ဖြုတ်၍မောင်းနှင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာတပ်ဆင်အသုံးမပြုကြရန်နှင့် တပ်ဆင်အသုံးပြုသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့က နို၀င်ဘယ ၂၅ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။ နဒီ

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58449

© 2022 - 2025 News. All Rights Reserved.