အာရှဖလားခြေစစ်ပွဲအောင် U- 17 အားကစားသမား ညီညီသန့်နှင့် စိုင်းမြတ်မင်းတို့အား ရွှေပြည်သာ မြို့သူ၊မြို့သားများမှ  ဂုဏ်ပြုကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆
 အာရှဖလားခြေစစ်ပွဲအောင် U 17 အားကစားသမား ညီညီသန့်နှင့် စိုင်းမြတ်မင်းတို့အား ရွှေပြည်သာ မြို့သူ၊မြို့သားများမှ ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
  အဆိုပါဂုဏ်ပြုပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးဦးသိန်းလှိုင်က "အခုလို U17 ကစားသမားလေးတွေဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က ကလေးတွေကို ဂုဏ်ပြုမယ်လို့ ကြားရတော့ အရမ်းလည်းဝမ်းသာပီတီဖြစ်ရပါတယ်။ ဒါ​ကြောင့် ညီငယ်လေးတွေအနေနဲ့ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးစားအားထုတ်ပါ။  အာရှကနေ ကမ္ဘာအထိအောင်မြင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်"ဟု ပြောကြားခဲ့သည်။
  အဆိုပါအာရှဖလား ခြေစစ်ပွဲအောင် U-17 ဘောလုံးအသင်းမှ ရွှေပြည်သာမြို့နယ်နေ ဘောလုံးသမားနှစ်ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြင့်ပေးခဲ့ကြသည်။
"သားလေးအခုလို အောင်မြင်တဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်တွေကလည်း ​ရွှေပြည်သာမြို့နယ် တစ်မြို့လုံးက ကြိုဆိုပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။ သားလေးကို အခုလို ဖြစ်အောင် သင်ကြားပေးတဲ့ ဆရာသမားအားလုံးကိုလည်း ကျေးဇူတင်ပါတယ်" ဟု မောင်စိုင်းမြတ်မင်း၏မိခင် က  ပြောကြားခဲ့သည်။ 
 အာရှဖလားခြေစစ်ပွဲအောင် U -17 အားကစားသမား  စိုင်းမြတ်မင်းအား ရွှေပြည်သာမြို့နယ်၊ ဝါးတရာကျေးရွာနေ အိမ်ပြန်ရာလမ်းတွင် ရွှေပြည်သာ မြို့နယ်မှ ပြည်သူ၊ပြည်သား ထောင်ကျော်ခန့်မှ ကြိုဆိုကာ ပန်းစည်းများ၊ ဆုငွေများချီးမြှင့်ပေးခဲ့ကြကြောင်း၊ ထို့အပြင် ကြိုဆိုသည့် ပြည်သူ၊ပြည်သားများအတွက် ဝါဝါဝင်းမိသားစုမှလည်း မုန့်ဟင်းခါး အချိန် ၁၅၀ ခန့်အား စတုဒီတာအဖြစ်ကျွေးမွေးခဲ့ကြောင်း သိရသည်။ 
သက်မှူ

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58649

© 2022 - 2025 News. All Rights Reserved.