အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်း မှတ်ပုံတင် လျှောက်ထားမှု နှစ်သောင်းကျော်ထိရှိ

ရန်ကုန်၊ ဇူလိုင် ၉
    အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လျှောက်ထားမှု ၂၁၁၀၀ ထိ ရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
    အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် လျှောက်ထားလုပ်ဆောင်စေခြင်းဖြစ်ပြီး စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး မှတ်ပုံတင်လက်မှတ်များ စနစ်တ ကျဖြင့် ခွင့်ပြုထုတ်ပေးနေခြင်းလည်း ဖြစ်သည်။
    ယင်းသို့ အွန်လိုင်းရောင်းဝယ်မှု မှတ်ပုံတင်လက်မှတ်များကို e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသည့်အပေါ် ကုန်သွယ်ရေးဦးစီးဌာနမှ ပထမအဆင့်အဖြစ် စာရွက်စာတမ်းပေါ်မှ အချက်အလက်များကို စစ်ဆေးပြီး ဒုတိယအဆင့်အဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီးနောက် အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်များကို ပြန်လည်ခွင့်ပြု ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
    အွန်လိုင်း မှတ်ပုံတင်လက်မှတ်များကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်ကာ လျှောက်ထားမှုအား ခွင့်ပြုပေးခဲ့ပြီး လက်ရှိ ၂၀၂၅ ခုနှစ်ဇွန်လထိ အွန်လိုင်းဖြင့်လျှောက်ထားမှု မှတ်ပုံတင်အစောင်ရေ နှစ်သောင်းကျော်ခန့် ရှိလာခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရသည်။ 
    ထို့ပြင် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် ထုတ်ပေးထားသော အဆိုပါမှတ်ပုံတင် လက်မှတ်အား သက်တမ်းကာလ နှစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။  သက်မှူး

Total Views ~ 329

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63920

© 2022 - 2026 News. All Rights Reserved.