Breaking

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းအန္တရာယ် သတိပြုရန် တိုင်းအစိုးရ ထုတ်ပြန်

နေပြည်တော်၊ ဇွန် ၂၅


    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း အန္တရာယ် သတိပြုရန်နှင့် သတင်းပေးပို့တိုင်ကြားနိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
    ထုတ်ပြန်ရာတွင် လက်ရှိအချိန်၌ အများပြည်သူတို့၏ လုပ်အားခနှင့် ငွေကြေးများကို နည်းမျိုးစုံဖြင့် လိမ်လည်လှည့် ဖြားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြို့ကြီးများတွင်သာမက ရပ်ကွက်များနှင့် ကျေးရွာများအထိပါ နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိ အခြေစိုက်လာနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ထို့အပြင် ရပ်ကွက်အတွင်းရှိ လူငယ်များနှင့် ဒေသခံများကို"အွန်လိုင်းပေါ်တွင် စာရိုက်ရုံ၊ Like ပေးရုံဖြင့် တစ်ရက်လျှင် သောင်းဂဏန်းရမည်"ဟုဆိုကာ ဆွဲဆောင်ခြင်း၊ လောင်းကစား App များနှင့် ငွေလိမ်လုပ်ငန်းများတွင် အကောင့်ဖွင့်ရန် ဖုန်းဆင်းကတ်များ၊ Wave pay ? Kpay အကောင့်များကို ငွေပေး၍ ဝယ်ယူခြင်း၊ လစာအမြောက်အမြားရမည်ဟု မက်လုံးပေးကာ ၎င်းတို့၏ ငွေလိမ်လုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်ရန် စည်းရုံးခြင်းများ ပြုလုပ်တတ်ကြကြောင်း အသိပေးထားသည်။
    ဆက်လက်၍ ပြည်သူများအနေဖြင့် ရပ်ကွက်အတွင်း ရာဇဝတ်မှုများ ကင်းစင်ပပျောက်စေရန်အတွက် မိမိတို့အိမ်တွင် လာရောက်ငှားရမ်းနေထိုင်သူများ၏ နောက်ကြောင်းနှင့် အလုပ်အကိုင်ကို သေချာစွာစိစစ်ရန်၊ အိမ်ထောင်စုစာရင်းဝင် မဟုတ်သော အပြင်လူများ အုပ်စုလိုက် မသင်္ကာဖွယ်ရာ နေထိုင်ခြင်း၊ ကွန်ပျူတာ၊ ဖုန်းအများအပြားဖြင့် နေ့ညမပြတ် အလုပ်လုပ်နေခြင်းများကို သတိပြုရန်၊ ရပ်ကွက်ထဲတွင် ထူးခြားဆန်းပြားသော မက်လုံးများဖြင့် လာရောက် စည်းရုံးသူများရှိပါက မိမိတို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ လုံခြုံ ရေးအဖွဲ့အစည်းများထံ ချက်ချင်းသတင်းပေးပို့ တိုင်ကြားပေးကြရန် သတိပေးထားသည်။ ထူးမြတ်

Total Views ~ 18

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63873

© 2022 - 2026 News. All Rights Reserved.