Breaking

ဩစတြေးလျနိုင်ငံသား Mr. Sean Turnell ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းအား ပယ်ဖျက်

၂၀၂၃ ၊ ဇန်နဝါရီ ၈

ဩစတြေးလျနိုင်ငံသား Mr. Sean Turnell ကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  အမိန့်အမှတ် (၇၉/၂၀၂၂) ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းအား ပယ်ဖျက်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံလျက်ရှိသော ဩစတြေးလျနိုင်ငံသား Mr. Sean Turnell အား နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၇၄/၂၀၂၂ ဖြင့် နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

သိုသော် Mr. Sean Turnell သည် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီးနောက် ကျန်ရှိနေသည့် ပြစ်ဒဏ် ကာလမစေ့မီအတွင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်းကောင်း၊ သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောကြားရာတွင်လည်းကောင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ ပြောဆိုခြင်းများသည် ၎င်းအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးစဉ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ရာရောက်ကြောင်း တွေ့ရှိရသည့်အတွက်  ၎င်း အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၇၄/၂၀၂ ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၃) အရ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

Total Views ~ 471

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61525

© 2022 - 2026 News. All Rights Reserved.