Breaking

‎ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Astana International Financial Center သို့ သွားရောက်လေ့လာ

‎‎နေပြည်တော် ၊ စက်တင်ဘာ ၂၉

‎ကာဇက်စတန်နိုင်ငံကို အလုပ်သဘောခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေး ချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၈ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက အက်စတာနာမြို့ရှိ Astana International Financial Center (AIFC) သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။‎
‎ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အတူ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် တာဝန်ရှိသူများ လိုက်ပါ လေ့လာခဲ့ကြကြောင်း သိရသည်။
‎Astana International Financial Center (AIFC)  ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး ‎ကာဇက်စတန်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ကမ်းလှမ်းနိုင်ရန် ရည်ရွယ်ကာ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၅ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။‎
မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတိ့သည် နှစ်စဥ် အမေရိကန်ဒေါ်လာ ၁၉ သန်းခန့် ကုန်သွယ်မှုရှိပြီး ယခုနှစ်တွင် အမေရိကန်ဒေါ် ၁၀ သန်း တိုးတက်လာကြောင်း သိရသည်။

Total Views ~ 153

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.