Breaking

ALP ပါတီ ဒုဥက္ကဋ္ဌ အပါအဝင်(၃)ဦး စစ်တွေတက္ကသိုလ်အနီးတွင် ပစ်သတ်ခံရ

၂၀၂၃ ဇူလိုင် ၂

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်အနီးတွင် ALP ဒုဥက္ကဋ္ဌ ခိုင်နိုင်အောင်အပါအဝင် (၃) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ၎င်းတို့ စီးနင်းလာသည့်ကားအား စစ်တွေတက္ကသိုလ်အနီးတွင် အမည်မသိသေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ ဒုဥက္ကဋ္ဌ အပါအဝင် တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ သေဆုံးခဲ့ပြီး အခြား (၃) ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့ပါဝင်သည့် PPST အဖွဲ့ဝင် (၅) ဖွဲ့နှင့် နစက၏ NSPNC အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးထားပြီး ယခုပစ်ခတ်ခံရသူများမှာ ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏ နေအိမ်မှအပြန်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံ ဆက်သွယ်အတည်ပြုရန် ကြိုးစားခဲ့သော်လည်း အလုပ်မအားသေးကြောင်းသာ ၎င်း၏ ကိုယ်ရေးအရာရှိက ပြန်လည်ဖြေကြားခဲ့သည်။

" ဘယ်အဖွဲ့က လုပ်တယ် ၊ ဘာကြောင့် လုပ်တယ်ဆိုတာတော့ ပြောဖို့ ခက်ပါတယ်။ တက္ကသိုလ်နားမှာ ပစ်ခတ်ခံရတယ်ဆိုတာတော့ဟုတ်တယ်။ နောက်မှ သိရတာက ALP ဒုဥက္ကဋ္ဌနဲ့ (၃) ယောက် ဆုံးသွားတယ်လို့ဝောာ့ သိရပါတယ် ။ အတိအကျတော့ သူတို့ကို မေးကြည့်မှ ရမယ်" ဟု စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက်ကလည်း စစ်တွေမြို့တွင်ပြုလုပ်သည့် ပြည်နယ်အဆင့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ALP စစ်ဦးစီးချုပ် ခိုင်စိုးမြအပါအဝင် (၃) ဦးသည် လွတ်လပ်ရေးနေ့အခမ်းအနားမှ အပြန်တွင် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရသည့်အတွက် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

Total Views ~ 462

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.