Breaking

ICT နယ်ပယ်တွင် ထူးချွန်ထက်မြတ်သော မြန်မာလူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အမျိုးသားအဆင့် အိုက်စီတီ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ဒီဇင်ဘာ၂၂
ICT နယ်ပယ်တွင် ထူးချွန်ထက်မြတ်သောမြန်မာလူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အမျိုးသားအဆင့် အိုက်စီတီ စွမ်းရည်ပြိုင်ပွဲ ကို ကျင်းပခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်က ဒီဇင်ဘာ ၂၂ ရက်တွင်ပြုလုပ်သည့် အမျိုးသားအဆင့် အိုင်စီတီ စွမ်းရည်ဆုပြိုင်ပွဲ - ၂ဝ၂၅ National ICT Award 2025 ဗဟိုအဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဆုရပရောဂျက်များ ခင်ကျင်းပြသပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က "ပညာရေးကဏ္ဍတွင် ICT နည်းပညာများကို အပြည့်အဝအသုံးချနိုင်စေရန်၊  ထူးချွန်ထက်မြတ်သော မြန်မာလူငယ်ပညာရှင်များ ပေါ်ပေါက်လာစေရန်နဲ့ ဆရာ၊ ဆရာမများအနေဖြင့် ICT နည်းပညာပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားသင်ယူမှုတွင် ICT အထောက်အကူပြု သင်ခန်းစာများ ဖန်တီးသင်ကြားလာနိုင်စေရန်၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်သောပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါကြောင်း ဟု ပြောကြားခဲ့သည်။

   သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ ပြောင်းလဲတိုးတက်မှုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစသော နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်စေရုံသာမက လူတစ်ဦးချင်းစီ၏ လူနေမှုဘဝ အရည်အသွေး (Quality of Life)များ ကိုလည်း တိုးတက်ပြောင်းလဲစေတာသည်ကိုမြင်တွေ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပေါ်တွင်အများဆုံးမူတည်​​သည်ကို အားလုံးလက်ခံထားကြပြီး ဖြစ်​ကြောင်းသိရသည်။
ထို့အပြင် နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝပြီးနိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့်လူစွမ်းအားအရင်းအမြစ် ရရှိစေရန် သင်ကြားရေးကဏ္ဍတွင် ICTနည်းပညာကို အပြည့်အဝအသုံးချ နိုင်ရန်အလွန်အရေးကြီးကြောင်း၊ နိုင်ငံအတွင်းတွင် နေရာဒေသအသီးသီး၌ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဥ်းမြောင်းစေပြီး အသုံးချနယ်ပယ် ကျယ်ပြန့်လာစေရန် ရည်ရွယ်ပြီး Nationl ICT Award (Education Project and Skills Competition)ပြိုင်ပွဲတွေကို ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
 အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆုပြိုင်ပွဲ-၂၀၂၅ National ICT Awards-2025 (Educational Project and Skills Competition) တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့်ပြိုင်ပွဲ ဆရာအဆင့်/ ပညာရေးဝန်ထမ်းအဆင့်တွင် ဦးခန့်ဝင်း၊ ဦးအောင်မျိုးသန့်နှင့် ဦးဇော်နိုင်ထွန်း၊ အထက (၄) ကမာရွတ်၊ ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ဦးဇော်ထွန်းဦး၊ ပြည်နယ်ပညာရေးမှူးရုံး၊ တောင်ကြီးမြို့နယ်က ဒုတိယ၊ ဒေါ်သီတာလမင်း၊ အမက (သစ်ချီတင်) ပြည်မြို့နယ်က တတိယ ရရှိသည်။
အထက်တန်းအဆင့်တွင် မမေမြင့်မိုရ်ကြည်၊ အထက (၁) (ဒဂုံ)၊ ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ မောင်နိုင်မင်းလွင်၊ အထက (၆) ပုသိမ်၊ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးက ဒုတိယ၊ မောင်ခန့်ဇော်ဟိန်းအထက (ပထက်)၊ ကျွန်းစုမြို့နယ်၊တနင်္သာရီတိုင်းဒေသကြီးက တတိယ ရရှိသည်။
  အလယ်တန်းအဆင့်တွင်မောင်သုတလင်းထက် အထက (၁) (ဒဂုံ)၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးကပထမ၊ မောင်ဘုဏ်းမြတ်ဟိန်းခန့်အထက(၁) (ပဲခူး)၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ဒုတိယ၊မောင်သုတထွန်း၊ မဖြူစင်အေးချမ်း ကပက (BBS 1)၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မောင်သန့်ထူးလွင်အထက (၆) (ပုသိမ်)၊ ပုသိမ်မြို့နယ်၊ဧရာဝတီတိုင်းဒေသကြီးတို့က တတိယရရှိသည်။
   မူလတန်းအဆင့်တွင် မခြူးနဒီကို အ.ထ.က (၄) မကွေး၊ မကွေးတိုင်းဒေသကြီးက ပထမ၊ မယွန်းရှုဟေသီ၊ မိုးသောက်ပန်း (ကပက) သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ မဆုရည်လင်း မြန်ပြည်သားကောင်း (ကပက)၊ ကျုံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ခွန်ဘုန်းမြတ်ဟိန်း Win Hill (ကပက)၊ တောင်ကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့က တတိယ ရရှိခဲ့ကြောင်းသိရသည်။ သက်မှူး

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.