Breaking

MSMEs အတွေ့အကြုံမျှဝေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာသံအမတ် ဖိတ်ခေါ်

ရန်ကုန်၊ ဇူလိုင် ၂
    မြန်မာနိုင်ငံရှိ MSMEs ထုတ်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ် နိုင်ရေး၊ အလုပ်သမားများ အရည်အသွေးတိုး မြှင့်ရေးတို့အတွက် နည်းပညာရပ်ဆိုင်ရာ သင်တန်းများပေးခြင်း၊ အတွေ့အကြုံ မျှေ၀ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လာရောက်ဆောင်ရွက်ရန် ဖိတ် ခေါ်လိုကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားသည်။
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ CP Group Center ၌ ဇွန် ၂၇ ရက်က ကုလသမဂ္ဂဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပ ပြုလုပ် သည့် ၂၀၂၅ ခုနှစ် တတိယအကြိမ်မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ညီလာခံ (2025 the 3rd World Small and Medium Enterprises Conference) သို့  တရုတ်ပြည် သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
    မြန်မာသံအမတ်ကြီးက  ယခု ညီလာခံသည် နိုင်ငံများအကြား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ဆင်းရဲမှု လျှော့ချရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့အတွက် အဓိကကျသော အခန်းကဏ္ဍမှပါဝင်သည့် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကျိုးရလဒ်များ ထွက်ပေါ်လာစေမည့် သက်သေအထောက်အထားတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။
    ထို့အပြင် မြန်မာနိုင်ငံအနေဖြင့်လည်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက်မှု ရရှိစေရေးအတွက် ဒေသအလိုက် ဆန်းသစ်တီထွင်၍ ယှဉ်ပြိုင် နိုင်စွမ်းရှိသော ထုတ်ကုန်များ ဖန်တီးထုတ်လုပ်ခြင်းဖြင့် MSMEs လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု မဟာဗျူဟာဖြင့် ဒေသထွက် ကုန်များထုတ်လုပ်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် MSMEs ကုန်စည်ပြပွဲများကို အခါအားလျော်စွာ ကျင်းပလျက်ရှိသည်။    ထူးမြတ်

Total Views ~ 368

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.