Breaking

YRTC က မုန်တိုင်းအတွက် လိုအပ်ပါက အရေးပေါ်အသုံးပြုပေးသွားနိုင်ဖို့  မော်တော်ယာဉ် အစီးရေ ၁၀၀ကျော်အသင့်စီစဉ်ထား

၂၀၂၃ မေ ၁၁

မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်အသုံးပြုရန်အတွက် ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ YRTC မှ မော်တော်ယာဉ်များ  များအစီးရေ ၁၀၀ကျော် စီစဉ်ထားကြောင်းသိရပါတယ်။

ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီမှ အရေးပေါ်အသုံးပြုရန်အတွက် စီစဉ်ထားသော သယ်ယူပိုဆောင်ရေးယာဉ်များမှာ Truck ယာဉ် (၅၀) စီး၊ Faw light Truck (၁၀) စီး၊ Mini Bus (၅၀)စီးကို အရန်သင့် စီစဉ်ထားတယ်လို့ဆိုပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့  မုန်တိုင်းငယ်ဟာ ဆက်လက်အားကောင်းလာကာ အစအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကလည်း ထုတ်ပြန်အသိပေးထားပါတယ်။

မုန်တိုင်းငယ်ဟာ မြောက် - အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြိုတို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်ဟု ခန့်မှန်းထားကြပါတယ်။

မုန်တိုင်းကျရောက်နိုင်မယ့် ဒေသတွေဖြစ်တဲ့ ပင်လယ်ကမ်းစပ်နဲ့နီးစပ်မှုရှိတဲ့ကျေးရွားတွေကလည်း မြို့ပေါ်ဒေသတွေကို မုန်တိုင်းဘေးလွတ်ဖို့တိမ်ရှောင်မှုတွေလည်းရှိနေပါတယ်။

မုန်တိုင်းအရှိန်ရဲ့သက်ရောက်မှုကြောင့်လည်း ရန်ကုန်အပါအဝင် ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

 

Total Views ~ 445

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.