Breaking

ဖောင်းပြင်မြို့ ၌ ယမန်နေ့ညက ငလျင်လှုပ်ခတ်၊နှစ်ပတ်အတွင်း မြန်မာနိုင်ငံ၌ ငလျင် ၃ ကြိမ်လှုပ်

၂၀၂၃ မတ် ၁၃

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ ၌ မတ် ၁၂ ရက်ညက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့​သေးသည်။

ယမန်နေ့ ည ၆ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်က ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် (၂၀)ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄ ဒသမ ၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၆၈)ဒီဂရီ၊ အနက်(၁၀၄)ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

“ဟုတ်တယ် ညက ငလျင်လှုပ်သွားတယ် ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင် ကြမ်းတယ်ဗျ။ ခုံတွေပေါ် စင်တွေပေါ်တင်ထားတဲ့ပစ္စည်းတွေ ပြုတ်ကျကုန်တယ် အချိန်အကြာကြီးတော့ မဟုတ်ပါဘူး”ဟု ဖောင်းပြင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မတ် ၉ ရက်ည ၇ နာရီ ၄၉ မိနစ် ၈ စက္ကန့်ကလည်း မော်လိုက်မြို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဟုမ္မလင်းမြို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မတ် ၈ ရက်နံနက် ၁၁ နာရီ ၃၈ မိနစ် ၅၈ စက္ကန့်က လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

Total Views ~ 630

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.