မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့၏ နေရာအချို့တွင် လမ်းမီးများရရှိနေ

၂၀၂၃ ၊ မေ ၂၅

" မိုခါ"မုန်တိုင်းဒဏ်သင့်ခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့၏ နေရာအချို့တွင် ယနေ့(မေ ၂၅)မှစ၍ လျှပ်စစ်မီးများ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့ရှိ ကားကြီးဝန်း-မီးစက်ကြီးအဝိုင်း၊ မီးစက်ကြီးအဝိုင်း-နာရီစင်၊ နာရီစင်- ဘီလူးမတံတား၊ ဘီလူးမတံတား-ဆတ်ရိုးကျ တံတားလမ်း တစ်လျှောက် တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများထွန်းညှိ သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ဖုန်းများ၊ လျှပ်စစ် မီးလုံးများနှင့် အခြားဘက္ထရီ အားသွင်း လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများဖြစ်သော ကားကြီးဝန်း၊ မီးစက်ကြီး အဝိုင်း၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်နှင့် ဘီးလူးမ တံတားထိပ် စသည့် Charging Point နေရာများတွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 627

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62642

© 2022 - 2026 News. All Rights Reserved.