သီတဂူဆရာတော်ကြီးမှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူများအတွက် သွပ်အချပ်ရေ ၁၀၀၀၀ လှူဒါန်း

၂၀၂၃ မေ ၃၀

သီတဂူဆရာတော်ကြီးမှ ရခိုင်ပြည်နယ်တွင် “မိုခါ” မုန်တိုင်းဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံများ၏ နေအိမ်များအား ပြန်လည်ဆောက်လုပ်ရန် အိမ်မိုးသွပ်ချပ်ရေ ၁၀၀၀၀ အား မေ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက လှူဒါန်းခဲ့သည်။

သီတဂူဆရာတော်ကြီးမှ ငွေကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ အိမ်မိုးသွပ်ချပ်ရေ ၁၀၀၀၀ အား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သီတဂူဆရာတော်ကြီးလှူဒါန်းသည့် အိမ်မိုးသွပ်များအား ရခိုင်ပြည်နယ်သို့အမြန်ဆုံးပေးပို့သွားရန်လည်း တာဝန်ရှိသူများကဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးမှ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံခဲ့ရသူများအတွက် ပထမအကြိမ်တွင် ငွေကျပ်သိန်း ၁၀၀၀ ၊ ဒုတိယအကြိမ်တွင် ဆန်အိတ်အလုံးရေ ၁၀၀၀ နှင့်ယခု တတိယအကြိမ်တွင် အိမ်မိုးသွပ်ချပ်ရေ ၁၀၀၀၀ တို့အားလှူဒါန်းထားပြီးဖြစ်သည်။

Total Views ~ 697

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62641

© 2022 - 2026 News. All Rights Reserved.