ဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ဆန်စပါးအသင်းချုပ် ထုတ်ပြန်

၂၀၂၃ ဒီဇင်ဘာ ၁၂

          ဒီဇင်ဘာလအတွက် သင့်တင့် မျှတသော ဆန်ဈေးကွက်ဈေးနှုန်း (Rea-sonable Market Price) များအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
          ဆန်အုပ်စုနှင့် စက်ကြိတ်ခွဲမှုအမျိုး အစားအလိုက် ဧည့်မထ ၂၅ မှတ်ဆန် တစ် အိတ်လျှင် ကျပ် ၆၀၀၀၀ မှ ကျပ် ၆၂၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ မှ ကျပ် ၆၄၀၀၀၊ ၁၀-၅ မှတ်ဆန် တစ်အိတ် လျှင် ကျပ် ၆၄၀၀၀ မှ ကျပ် ၆၈၀၀၀ ၊ ရက် ၉၀ အထူးဧည့်မထဆန်အုပ်စုများ ၁၀-၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ကျပ် ၇၂၀၀၀ ၊ ဧရာမင်း/ဧရာပဒေသာ ၁၀-၅မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ကျပ် ၉၅၀၀၀ ၊ ဧရာဝတီပေါ်ဆန်းများ ၁၀-၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ကျပ် ၉၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း ၁၀-၅ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ကျပ် ၉၅၀၀၀ ဖြင့် ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

          အဆိုပါ ဆန်ဈေးနှုန်းများအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၏ အသင်းဝင်များ၊ ပြည်ပတင်ပို့သည့် Exporter များ၊ ဆန်စပါးကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချမှုများတွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အတွင်း ကွာဟမှုရှိနိုင်ပြီး စူပါမားကတ်များ၊ မီနီမားကတ်များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချ မှုများအတွက် ဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အတွင်း ကွာဟမှုရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
          အဆိုပါ ဈေးနှုန်းသတ်မှတ်ချက်သည် ၂၀၂၃ မိုးစပါးမှ ထွက်ရှိသော ဆန်အသစ်များအ တွက်ဖြစ်ပြီး ဝယ်ယူရန်အခက် အခဲရှိပါက အသင်းချုပ်ရုံးနှင့် ကုန်စည်ဒိုင်များသို့ ဆက်သွယ်ညှိ နှိုင်း ဝယ်ယူရန် မေတ္တာရပ်ခံကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Total Views ~ 687

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.