ပြည်ပငါးနိုင်ငံသို့ မြန်မာ့ပြောင်းတန်ချိန် တစ်သန်းခွဲခန့် တင်ပို့နိုင်ခဲ့

၂၀၂၃ ဒီဇင်ဘာ ၁၂
    ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှထွက်ရှိသည့်ပြောင်းကိုပြည်ပနိုင်ငံငါးနိုင်ငံသို့ တန်ချိန် တစ်သန်းခွဲတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ 
    မြန်မာဒေသထွက်ကုန်ဖြစ်သည့် ပြောင်းကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက် နမ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံ တို့ကို တင်ပို့လျက်ရှိကာ ထိုင်းနိုင်ငံသို့ တင် ပို့မှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။
    "၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွက် နယ်စပ်ကုန်သွယ်ရေးနဲ့ ထိုင်းနိုင်ငံရှိမယ်။ တရုတ်နိုင်ငံရှိမယ်။ တင်ပို့မှုအနေနဲ့ကတော့ တစ်သန်းကျော်လောက် သွားထားတယ်။ဗီယက်နမ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကိုလည်း တင်ပို့တာ တန်ချိန်ငါးသိန်း လောက်ရှိတယ်။ အခုပြီးခဲ့တဲ့ တစ်နှစ်လုံးကို တန်ချိန် တစ်သန်းခွဲလောက်တင်ပို့ထား တယ်။ အဓိကတင်ပို့တာက ထိုင်းနိုင်ငံဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူက ပြောကြားခဲ့ သည်။
    လက်ရှိချိန်တွင် ဗဟိုဘဏ်၏ ဒေါ်လာငွေကြေးမူဝါဒ ၆၅၊ ၃၅ မူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် အဆင်ပြေချောမွေ့စေခဲ့ ကြောင်း၊ ယင်း မူဝါဒပြောင်းလဲပြီးနောက်ပိုင်း တွင် ပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၅၀ အထိ ဈေးတက်ခဲ့ကြောင်း သိရသည်။
    "မူဝါဒနဲ့ပတ်သက်ပြီး စာထွက်ပြီးတဲ့ နောက်ပိုင်းပြောင်းဈေးက တစ်ပိဿာကို ၅၀ ထိုးတက်သွားတယ်။ ဒီမူဝါဒမပြောင်း လဲသေးခင်မှာ ပြောင်းတင်ပို့မူ မရှိခဲ့ဘူး။ နားထားတာ အနည်းငယ်တော့ရှိခဲ့တာပေါ့။ အခုဆိုရင် ပြန်ပြီးတော့ တင်ပို့နိုင်တော့မှာပေါ့။ ပြည်ပတင်ပို့တဲ့သူနဲ့ အခြေခံစိုက်ပျိုး ထုတ်လုပ်တဲ့သူတွေအတွက်လည်း ပိုကောင်းသွားတာပေါ့။ ပြောင်းကဈေးပိုရသွား မယ်"ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြား ခဲ့သည်။
    ၂၀၂၃ ခုနှစ်အတွင်း မြန်မာ့ပြောင်းဝယ်ယူမှုတွင် ထိုင်းနိုင်ငံတစ်ခုတည်းက တန်ချိန်တစ်သန်း ကျော်အထိ ဝယ်ယူခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှလည်းကောင်း၊ ရေလမ်း ခရီးဖြင့် လည်းကောင်း ကုန်သွယ်မူပြုခဲ့ ကြောင်း၊ ထို့ကြောင့်လာမည့် ၂၀၂၄ ခုနှစ်တွင် ပြောင်းတင်ပို့မှုကို ထိုင်းနိုင်ငံသို့ တန်ချိန် နှစ်သန်းကျော်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Total Views ~ 259

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31235

© 2022 - 2024 News. All Rights Reserved.