အိန္ဒိယသို့ မြန်မာ့ကွမ်းသီးခြောက် တန်ချိန်များစွာတင်ပို့ရန် သဘောတူထား

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
    အိန္ဒိယနိုင်ငံမှ Lax Corporation ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ကွမ်းသီးခြောက် တန်ချိန်များစွာဝယ်ယူလိုကြောင်း ကမ်းလှမ်းသည်ဟု ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ ပြည်နယ်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ တစ်ဦးကပြောသည်။
    ကနဦး နမူနာပုံစံများကို Lax Corporation ကုမ္ပဏီထံ  ဇန်နဝါရီလကုန်ပိုင်းတွင် ပေးပို့ထားပြီးဖြစ်ပြီး လက်ရှိတွင် တင်ပို့ နိုင်ရေး ဆောင်ရွက်နေကာ မကြာမီ စာချုပ်ချုပ်သွားမည်ဟု ဆိုသည်။
    ပထမအသုတ်အဖြစ်  နမူနာပုံစံ ကွမ်းသီးခြောက် ၁၇ တန်ကို တင်ပို့ခဲ့ပြီး အရည်အသွေး၊ စံချိန်စံညွှန်း လက်ခံအတည် ပြုချက်ရရှိပြီးလျှင် လစဉ်တန်ချိန် ၂၀၀ ဝယ် ယူသွားရန်နှင့် ဆက်လက်၍ လည်း ပိုမိုများပြားစွာ ဝယ်ယူမည်ဟု သဘောတူညီမှု ရရှိ ထားကြောင်း ဆိုသည်။
    လတ်တလော အရောင်းအဝယ် နှစ်ဖက်သည် တင်ပို့ရန်အတွက် တင်ပို့မည့် ပုံစံ၊ တင်ပို့ရမည့် နေရာ၊ ဈေးနှုန်းနှင့် ငွေပေးချေမှုပုံစံများကို ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှုရလျှင် နှစ်ဖက်စာချုပ် ချုပ်ဆိုကာ စတင်၍ ကွမ်းသီးခြောက် တင်ပို့ခြင်း ဆောင်ရွက်မည်ဟု အသင်းဥက္ကဋ္ဌက ပြောသည်။
    အိန္ဒိယနိုင်ငံသည် ပြည်တွင်းကွမ်း သီးဝယ်လိုအားနှင့် လိုအပ်မှုများပြားပြီး စားသုံးမှုအပြင် အခြားတစ်ဖက်တွင် ကွမ်းသီးဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန်  ဝယ်ယူလိုနေခြင်းဖြစ်ပြီး မြန်မာ့ကွမ်းသီး ဈေးကွက်တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက် ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟု ၎င်းင်းကဆိုသည်။
    မြန်မာနိုင်ငံသည် နှစ်စဉ်ကွမ်းသီးခြောက် တန်ချိန် နှစ်သိန်းသုံးသောင်းခန့် ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုထက်များစွာ ပိုလျှံသည့် ပြည်တွင်းထွက်ကုန်ပစ္စည်း တစ်ခုလည်း ဖြစ်သည်။
    ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်များတွင် အများဆုံး စိုက်ပျိုးကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်များအတွင်း နှစ်စဉ် ပုံမှန်တန်ချိန် ၂၂၉၀၀၀ ကျော်၊ ၂၃၀၀၀၀ ဝန်းကျင်ထွက်ရှိ ကြောင်း သိရသည်။

 

Total Views ~ 292

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31236

© 2022 - 2024 News. All Rights Reserved.