ခုတေလာ ရယ်စရာကောင်းတာတွေ တွေ့တွေ့နေရတယ်။အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံကြီးတချို့က မြန်မာကိုတစ်ဖက်စောင်းနင်း အကြမ်းဖက်တဲ့လုပ်ရက်တွေ မလုပ်ဖို့၊လူ့အခွင့်အရေးတွေမချိုးဖောက်ဖို့၊အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးတွေနဲ့လျော်ညီစွာ ကျင့်ကြံလုပ်ဆောင်ဖို့ အာပေါင်အာရင်းသန်သန်နဲ့ ကျီးတစ်အုပ် ဝိုင်းအားနေသလို မီဒီညာတွေကတဆင့် ထုတ်လွှင့်နေကြတာ တွေ့ရပါတယ်။
မကြာခင်က Burma Actဆိုတာကို US Congress က ဥပဒေပြုဖို့၊အထက်လွှတ်တော်ကို တင်လိုက်သလို ၊သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လက်မှတ်ထိုးလိုက်ပါပြီ။ကုလကလည်း သူတော်အချင်းချင်း သတင်းလွေ့သူ(birds ofthe same father)တွေ ပေါင်းပြီး လုံခြုံရေးကောင်စီက မြန်မာကို ဆုံးဖြတ်ချက်ချပြီး Asean အပြီး UNကပါ လိုက်အနိုင်ကျင့်လိုက်ပြန်ပါတယ်။မြန်မာတစ်ယောက်အနေနဲ့ ဒီနှစ်ချက်ပေါ်မှာ ပြန်လာ်ချေပချင်တဲ့အချက်တွေရှိပါတယ်။တစ်ချက်ကတော့ Burma Act အပေါ်မှာ NUG လို့ခေါ်တဲ့အဖွကြို ထောက်ခံတာဟာ အကြမ်းဖက်လက္ခဏာတွေနဲ့ပြည့်စုံတဲ့အဖွဲ့အစည်းကိုရော၊သူ့ရဲ့ ခါးပိုက်ဆောင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက terrorist organisationလို့ ကြေညာထားတဲ့ PDFကိုရော ထောက်ခံရာရောက်ပါတယ်။တစ်ခုထောက်ပြချင်တာက The Department of Defence Dictionary of Military Terms defines terrorism as:The calculated use of unlawful violence or treat of unlawful violence to inculcate fear; intended to coerce or to intimidate governments or societies
in the presuit of goals that are generally political,religious, or ideological.အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ်အဘိဓာန်မှာ အကြမ်းဖက်ဝါဒကို "အကြမ်းဖျဉ်းအားဖြင့် နိုင်ငံရေး၊ဘာသာရေး(သို့)အတွေးအခေါ်တစ်ခုကို အကောင်အထည်ဖော်ရန်အလို့ငှာတရားမဝင်သည့် အကြမ်းဖက်နည်း(သို့)တရားမဝင်သည့်လုပ်ရက်များကို တွက်ချက်၍ အသုံးပြုခြင်းအားဖြင့် အစိုးရတစ်ရပ်ကိုသော်လည်းကောင်း၊လူ့အဖွဲ့အစည်းတစ်ခုအပေါ်ကိုလည်းကောင်း အကြောက်တရားလွှမ်းမိုးစေရန် အတင်းအဓမ္မလုပ်ဆောင်ခြင်း"လို့ အဓိပ္ပယ်ဖွင့်ဆိုထားပါတယ်။
ဇာတ်လမ်းတခုလုံးကိုသဘောပေါက်ဖို့အစကပြန်ပြောမှရှင်းမှာပါ၊၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်မှာဒေါ်စုက သူ့ NLD ခေါင်းဆောင်တွေကို "ညွန့်ပေါင်းအစိုးရ မလိုချင်ဘူး" လို့ပြောပါတယ်၊ဒါကြောင့်အောက်ကလဲ
မူမမှန်တာတွေလုပ်ပါတယ်၊ကျန်ပါတီများကနည်း
လမ်းမကျတာတွေလုပ်လို့၊ရွေးကောက်ပွဲကော်မရှင်
ကိုတိုင်ပါတယ်၊ကော်မရှင်ကဘာမှအရေးတယူ
ဆောင်ရွက်ပေးတာမရှိလို့၊တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ကို တိုင်ပါတယ်၊တပ်မတော်က ဘာမှဖြေ
ရှင်းလို့မရတော့ "တတိယအကြိမ်ပြည်သူ့
လွှတ်တော်ကိုဒီပြဿနာတွေမရှင်းသေးပဲ၊မခေါ်ဖို့"
ညှိနိုင်းပါတယ်၊ဒေါ်စုကဂရုမစိုက်ပဲလွှတ်တော်ခေါ်ပါ
တယ်၊နောက်ဆုံးတော့တပ်ကမလုပ်မဖြစ်တဲ့အတွက်၊
အခြေခံဥပဒေအရ"အာဏာကိုဝင်ထိန်း"ရပါတယ်။
NLDကလဲ တပ်မတော်ကိုဝင်ပါလာအောင်နိုင်ငံခြား
အကြံပေးများနဲ့တွက်ချက်ပြီးကြိုတင်လုပ်ထားတာ
တွေရှိပါတယ်၊နိုင်ငံတော်ပိုင်ငွေတွေUSကို ကြိုလွှဲ
ထားပြီး၊ {ဥပဒေအရအတိအကျလုပ်တဲ့ Federal
Reserveကဒီလောက်ငွေပမာဏဘာကြောင့်လက်ခံ
လဲ} [ ဒီလောက်များတဲ့transactionအတွက် ဘယ်
သူ့ အမိန့်နဲ့လွှဲသလဲ]၊နိုင်ငံတကာအသည်းနှလုံးကိုအ
ထိနာ(sympathy)ရအောင်လုပ်ဖို့ civilian target
အဖြစ်အသုံးချခံ Pawn အနေနဲ့ သုံးမဲ့ (minors/
Gz)တွေကိုစုစည်းထားပြီးသား။မြန်မာ့ဆန္ဒပြသမိုင်း
မှာအရင်ကလုံးဝမရှိခဲ့ဘူးတဲ့ (CDM) Civil
Defiance Movement ကလည်း၊အကွက်ဆင်ပြီး
သား၊CDM မှာမပါတဲ့သူတွေကိုအတင်းအကြပ်
coerce လုပ်မဲ့ social punishment ဆိုတာစီစဉ်
ပြီးသား၊sanctions ဆိုတဲ့ international
pressure ကတော့ထုံးစံအတိုင်းပြောစရာမလိုဘူး
ပေါ့။ EAOနဲ့ INGOတို့ကပွဲစဉ်ကြည့်ကမှာပေါ့။
ဒီလောက်တောင်ပြင်ဆင်ထားပေမဲ့တပ်မတော်ဘက်
ကတော့အဆင်သင့်မဖြစ်တဲ့အထဲ နောက်ပိတ်ဆုံး၊
constitutional coup ကိုလုပ်လိုက်ရတာပါ။အရင်
က planned coup တွေလို monitorလုပ်ရမှာတွေ၊
shut downလုပ်ရမှာတွေisolateလုပ်ရမှာတွေဘာ
မှမကြိုမလုပ်ခဲ့တာသတိထားမိပါတယ်။
ဒီတော့ပြောချင်တာ ၂၀၂၁ ဖေဖော်ဝါရီ
နောက်ပိုင်းမှာသတင်းကိုချဲ့ကားရေး
ကြပြီးတပ်မတော်ကိုမီဒီညာကပါဝင်တိုက်တော့တာ
ပါပဲ။နောက်ပိုင်းသတင်းတွေတင်ကြတဲ့အချိန်မှာ PDFဘက်ကအကြောင်းမဲ့တရားလွတ်သတ်ဖြတ်မှုတွေ extrajudicial killings တွေ၊ မြို့တွေရွာတွေမှာမီးရှို့
(arson)ကြတာတွေ၊ ကိုကျူးလွန်တဲ့pdfနဲ့သူ့ကိုား
ပေးအားမြှကေ်လုပ်ပြီးခိုင်းစားတဲ့ Inug ဆိုသူတွေကို
အတတ်နိုင်ဆုံးဖျောက်ထားပါတယ်၊ဥပဒေမဲ့၊
ဘုန်းကြီးတွေကိုသတ်၊ဝန်ထမ်းတွေ၊ပြည်သူတွေကို
သတ်၊ဘဏ်တွေကိုဒါးပြတိုက်၊ဗုံးတွေခွဲ၊စာသင်
ကျောင်းတွေမီးရှို့၊social punishments တွေလုပ်
တာတွေCDM လုပ်တာတွေကို highlight လုပ်ပြီးပို
ရေးတယ်၊CRPPဆို့တဲ့အဖွဲ့ကဖောင်းပွထားတဲ့သ
တင်းတွေကိုနိုင်ငံခြားမီဒီညာတွေကကိုးကားကြ
တယ်၊နိုင်ငံခြားသတင်းတွေကိုသူတို့နိုင်ငံရေးသမ
သမားတွေနဲ့ NGOs တွေ၊activists တွေကတဆင့်၊ဥပဒေပြုသူတွေဆီရောက်ပြီးlobbyလုပ်ဖို့၊ Burma Act
လိုတဖက်စောင်းနင်းဥပဒေတွေထုတ်ဖို့၊နိုင်ငံရေး
လုပ္စားတဲ့ activistsတွေကောင်းစားဖို့ဖြစ်ကုန်ပါ
တော့တယ်။ဒီတော့စောစောကအမေရိကန်တွေကိုယ်
တိုင်အဓိပါယ်ဖွင့်ထားတဲ့ terrorism မြောက်တဲ့
လုပ်ရပ်တွေကိုကျင့်သုံးပြီး၊တရားမဲ့လူသတ်မှုကျူး
လွန်နေသူpdfကိုလဲဘယ်သူကမှအပြစ်မမြင်ကြပဲ၊သူ့
ကိုသုံးစားနေတဲ့ nug ဆိုတာကိုပါထောက်ခံတယ်
terrorist အဖွဲ့အစည်းတခုကို၊Burma Act နဲ့ငွေ
ကြေးထောက်ပံ့ပါတယ်၊ဒါဟာသူတို့ US
Department of Defence ရဲ့အဓိပျပါယဖြှင့ဆြိုခကွြ
အရလက်ခံနိုင်စရာမရှိတဲ့လုပ်ဆောင်ချက်လုပ်နေစူ
တွေကိုအမေရိကန်ဥပဒေပြသူများကတရားဝင်
ထောက်ခံအားပေးခြင်းဖြစ်လို့၊ဒါဟာအလွန်ရှက်စရာ
ကောင်းသောနည်းလမ်းမကျတဲ့ဆောင်ရွက်ချက်သာ
ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့မကြာသေးခင်ကကုလလုံခြုံ
ရေးကောင်စီရဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်၊မြန်မာ
အစိုးရအနေနဲ့အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်
ဖို့နဲ့ဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားများကိုအမြန်လွတ်
ပေးဖို့ပါ၊ဒေါ်စုဟာပြဿနာအားလုံးမြစ်ဖျားခံရာ၊မဲမ
သမာမှုများအပြင်၊အခြားရာဇဝတ်မှုများကျူးလွန်
ထားတာဖြစ်လို့အရေးယူထားတာဖြစ်ပါတယ်၊ကုလ
အနေနဲ့အခုလို democratic transition ကိုအသိ
အမှတ်မပြုတဲ့အပြင်၊တရားမျှတသောရွေးကောက်ပွဲ
ပျက်ပြားအောင် democratic cultureကိုပါဖျက်
အမှတ်မပြုတဲ့အပြင်၊တရားမျှတသောရွေးကောက်ပွဲ
ပျက်ပြားအောင် democratic cultureကိုပါဖျက်
ဆီးလိုက်တဲ့အလွန်အကျည်းတန်တဲ့ပြစ်မှုဖြစ်ပါ
တယ်၊ဒီလိုကျူးလွန်သူကိုဘာကြောင့်(on which
grounds)လွှတ်ပေးဖို့တောင်းဆိုတာလဲ။ဒါကြောင့်
မို့ တဖက္ကBurma Act ဟာ"မီးလောင်ရာလေပင့်"
လုပ်ရပ်ဖြစ်သလိုUN resolution ဟာလဲ(biased
demand )သာဖြစ်ပါတယ်၊ယူကရိန်းလိုဗြောင်
လက်နက်ထောက်ပံ့တာမဟုတ်သလို၊ထိုင်ဝမ်ကို
လက်နက်ဗြောင်ပေးတာမျိုးမဟုတ်ပေမဲ့၊ (non
lethal assistance) လို့အမြင်ကောင်းအောင်နာ
မည်တပ်ထားတော့၊ ဘယ် audit ကသတ်မှတ်ထား
သလိုသုံး၊မသုံးဘယ်လိုစစ်မှာလဲ၊သုံးချင်တာသုံးလို့ရ
အောင်ဘက်လိုက်ပြီးပေးထားတဲ့ငွေကိုလဲသုံးချင်တာ
သုံး၊သူတို့ကဘယ်ဂရုစိုက်မှာလဲ။
တတိယအချက်ကတော့လာမဲ့ရွေးကောက်ပွဲကိုမလုပ်
ဖြစ်အောင် နည်းမျိုးစုံနဲ့ဖျက်ဖို့ပါ၊သူတို့ပဲစစ်တပ်ကိုမ
ကြိုက်ဘူး၊နိုင်ငံရေးထဲကထွက်ဖို့တောင်းဆိုနေတယ်၊
တပ်မတော်က (democratic transition)လုပ်ဖို့၊
ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဝိုင်းဖျက်ကြတယ်၊
ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲနဲ့တက်လာမဲ့
(elected government)ဖြစ်လာရင်သူတို့ခုလိုတ
ရားမဝင်တဲ့နည်းတွေနဲ့တိုက်ခိုက်လို့မရမှာစိုးလို့ပါ။
အာရှတခွင်ပြန်ကြည့်ရင်အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ကိုရီး
ယား၊ပါကစ္စတန်၊ထိုင်း၊ဒီနိုင်ငံတွေဟာတပ်မတော်က
ဒီမိုကရေစီအစိုးရတွေကိုတည်ထောင်ပေးခဲ့တာပါ၊
(They paved the way for democracy)
တလျှောက်လုံးအမျိုးသားလုံခြုံရေးအတွက်
(guardian)အနေနဲ့စောင့်ကြည့်နေခဲ့ပြီး၊စိတ်ချရတဲ့
အချိန်မှာအပြီလက်ပြောင်းပေးသွားခဲ့တာပါ၊(အကူး
အပြောင်း၊ကြားမှာအတိမ်းအစောင်းဖြစ်တိုင်း
transition
processကြီးပျက်သွားမှာစိုးလို့ဝင်ထိန်း
ရတဲ့သာဓကတွေရှိပါတယ် )ခုတော့တချိန်ကဒီဘဝ
တွေကြားကဖြတ်သန်းလာခဲ့ပြီးမှခြောက်ပြစ်ကင်း
သဲလဲစင်လုပ်ပြီးဘဝမေ့နေတဲ့နိုင်ငံရေးသမားတွေ
ကြောင့် asean charter ပါစက္ကူစုတ်ဖြစ်ပြီး၊က
မောက်ကမဖြစ်တော့တာပါ။
နိုင်ငံရေးရေချိန်နိမ့်ပြီး မုန်တိုင်းထန်နေချိန်မှာ စနစ်
တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်းး( organised
institution)တခုရဲ့ပဲ့ကိုင်မှုကမလွဲမသွေလိုပါတယ်၊
အထူးသဖြင့်အမျိုး၊ဘာသာ၊သာသနာကိုပါပြောင်
ပြောင်တင်းတင်းဥပဒေချိုးဖောက်နေသူတွေကို
တော့ အဖြူအမဲကွဲအောင်တည့်မတ်ပေးရမည့်အချိန်
မှာပြည်သူဟာကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်အောင်
(You are the creator of your own destiny)ဆို
တာအသိတရားရဖို့လိုပါပြီ။အနှစ်ခုနှစ်ဆယ်ကျော်
ပေါ့ပေါ့တန်တန်နေခဲ့လို့ခုအဆင့်ရောက်နေချိန်မှာ
ဆက်ပြီးတရားမရသေးလို့ကတော့၊"ခံပေဦးတော့ရွှေ
မြန်မာ။