ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ တိုက်တွန်းချက်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအတည်ပြုခဲ့တယ်လို့ဗီအိုအေက ဆိုပါတယ်။
ဒီမဲခွဲဆုံးဖြတ်ဖို့ အဆိုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ယောက္ခမနိုင်ငံ ဗြိတိန်ကစတင်အဆိုပြုခဲ့တာပဲဖြစ်ပါတယ်။ ဥပဒေအရအရေးယူထားတာကို လုံးဝအပြစ်ကင်းစင်ပြီး နိုင်ငံရေးအရမတရားဖမ်းထားသလိုမျိုးချိုးတဲ့အကွက်။
ရုရှား၊ တရုတ်နဲ့ အိန္ဒိယ တို့ကတော့ မဲမပေးပါဘူး။ ကန့်ကွက်မဲထောက်ခံမဲမပေးတာမဟုတ်ဘူး။ အဖက်လုပ်ပြီးမဲကိုမပေးတာ။ အမှန်က သူ့နိုင်ငံနဲ့ သူ့ဥပဒေအရဆောင်ရွက်တဲ့ကိစ္စမို့လို့ သူ့နိုင်ငံရဲ့အချုပ်အခြာအာဏာကို လေးစားလို့ ဝင်မပါတာလို့မြင်တယ်။
လုံခြုံရေးကောင်စီကတိုက်တွန်းလည်း ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာအရ ဂရုစိုက်စရာမလိုတဲ့ကိစ္စ။
တိုက်တွန်းတာထက်ပိုပြီးပြန်မလွှတ်လို့အရေးယူမယ်ဘာညာဘာညာဆိုတာမျိုးလာရင်လည်း ဗီတိုနဲ့ပယ်ချမယ့်ကိစ္စ။
စစ်အစိုးရလက်ထက်ကလို "နိုဘယ်ဆုရှင်ဘယ်မှာလဲ။ စစ်အစိုးရက နေအိမ်မှာ အကျယ်ချုပ်ထားတယ်" ဆိုတဲ့အကွက်နဲ့ နာမည်ပျက်အောင်လုပ်ခဲ့တဲ့အချိုးမျိုးချိုးတာ။
ဝမ်းသာအောင်လေလည်ပြတဲ့အကွက်မို့လို့
စဥ်းစားစရာကိုမလိုတဲ့ကိစ္စ။ ကုလသမဂ္ဂကိုယ်တိုင်ကပင် ဘက်လိုက်ဆောင်ရွက်ပေးနေတာများလာနေပြီဖြစ်တဲ့အတွက်လည်း ဒီအဖွဲ့အစည်းသိပ်ကြာကြာခံတော့မယ်မထင်ဘူး။
မောင်စိန်ဒင်