နေပြည်တော် ဘိုးဘိုးကြီး
တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းတွေ ထုတ်ပြန်ပြီးချိန်မှာ အောင်မြင် သူတွေအတွက် ပျော်ရသလို ကျရှုးသူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါ တယ်။
လူတိုင်းလူတိုင်းက လောကဓံဆိုး တွေကို ရင်ဆိုင်ကြရတယ်။ကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ဝီရိယကို အသုံးပြုပြီး ရင်ဆိုင် ဖြတ်ကျော်ကြရတယ်။
ရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့ သူတွေ လည်း ရှိတယ်။ ကျရှုးသွားတဲ့သူတွေလည်း ရှိတယ်။
ဒီဘဝကို မကြိုက်ဘူးဆိုရင် တောင် မင်းကြိုက်တဲ့ ဘဝကို ရရှိအောင် ကြိုးစားနိုင်တဲ့ အခွင့်အရေး မင်းမှာ ရှိသေး တယ်။ အဲဒီအခွင့်အရေးကို အလွယ်တကူ လက်မလွှတ်လိုက်သင့်ဘူး။
လောကဓံကို အရှုးပေးလိုက်လို ကျဆုံးတာနဲ့ ရင်ဆိုင်ဖြတ်ကျော်နေရင်း ကျ ရှုးသွားတာက မတူဘူး။
အရှုးပေးလိုက်လို ကျရှုးသွား တာက ယုံကြည်ချက်နဲ့ ဝီရိယပါ ကျသွား တာဖြစ်တယ်။
မင်းလက်ထဲမှာ ရှိနေသေးတဲ့ ကြိုးစားပိုင်ခွင့်ကို ဆုပ်ကိုင်ပြီး လောကဓံကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်ကျော်လိုက်ပါ။
ကျရှုးခဲ့ရင်တောင် မင်းက လေးစားဖွယ်ရာ လူသား ဖြစ်တယ်။
စစ်ပွဲထဲ တိုးဝင်သွားတဲ့ ကယား
ကယားပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ တွေက အနောက်အုပ်စုရဲ့ မြှောက်ပေးမှုနဲ့အတူ ကရင်နီ ပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ Karenni state interim Executive Council-IEC ကို ဇွန်လ ၁၂ ရက်မှာ ဖွဲစည်းလိုက်ပါတယ်။
KNPP ဥက္ကဋ္ဌ ခူဦးရယ်က ဥက္ကဋ္ဌလုပ်ပြီးတော့ KNDF က ခွန်ဘီထူးက ဒုဥက္ကဋ္ဌ လုပ်တယ်လို ထုတ်ပြန် ထားပါတယ်။
KNPP ဥက္ကဋ္ဌ ခူဦးရယ်နဲ့ ပတ်သက်ပြီး တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ပါခဲ့ဖူးတဲ့ မိတ် ဆွေတစ်ယောက် ပြောတာလေး သတိရမိပါတယ်။ အဲဒီ ကာလက KNPP ကို NCA စာချုပ်မှာပါဖို ကြိုးစားနေချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ခူဦးရယ်တိုအဖွဲက တစ်ခါတွေ့ရင် တစ်မျိုး တောင်းဆိုနေတာနဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ကြာ လာတော့ ဘိုးဘိုးကြီးရဲ့ မိတ်ဆွေက စိတ်မရှည်တော့တာ နဲ့ "ခူဦးရယ် ခင်ဗျားဂိုးတိုင် ခဏခဏ မရွှေ့ပါနဲ့လို" ပြော လိုက်ပါတော့တယ်။ အခုလည်း ခူဦးရယ်တစ်ယောက် IEC ကနေ ဂိုးတိုင် ခဏခဏရွှေ့မှာကတော့ သေချာသ လောက် ရှိနေပါတယ်။
KNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း လက် နက်အင်အား တိုးချဲ့နိုင်ဖို ပြင်ဆင်နေပြီလို ဆိုပါတယ်။အမှန်တော့ ဒါဟာ စစ်ပွဲကို ဖိတ်ခေါ်လိုက်တာပါပဲ။ စစ်ကို ခေါ်ချင်ရင်တော့ စစ်ပွဲကြောင့် ရရှိလာမယ့် ဒုက္ခ တွေကိုလည်း ရင်ဆိုင်ရမှာ သေချာပါတယ်။ လူတွေသေ ကြမယ်။ စစ်ရှောင်ဒုက္ခသည်တွေ များလာမှာတော့ သေ ချာပါတယ်။
PDFတွေ တဖွဲဖွဲ အလင်းဝင်နေ
အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးဟာ ပြည်ပြေးတွေ ကောင်းစားပြီး ပြည်တွင်းက လူတွေ ဒုက္ခ ရောက်တာကို သိလာကြတဲ့ လူငယ် PDF တွေ အလင်း ဝင်ကြတဲ့ သတင်းတွေ အခုရက်ပိုင်းမှာ ဆက်တိုက်ဆို သလို ကြားသိနေရပါတယ်။
EAOs နယ်မြေများ၌ အကြမ်းဖက်ဖောက်ခွဲ မှုသင်တန်း တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲဝင်သုံးဦးတိုသည် ဇွန်လ ၁၁ ရက်က တူမီး သေနတ်နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံးတိုနှင့်အတူ အ ရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်သို အလင်းဝင်ရောက်ခဲ့ပါတယ်။
ထိုအတူ တနိုင်းမြိုနယ် အတွင်းမှ KIA အဖွဲ ဝင်အမျိုးသား နှစ်ဦးဟာ ၎င်းင်းတိုနဲ့အတူ ပါလာသော K -25 သေနတ် နှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၅၀ တောင့်နှင့် လက်ပစ်ဗုံး နှစ်လုံးအား တာဝန်ရှိသူများထံ အပ်နှံကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆု ကြေးငွေအဖြစ် ပေးအပ်တဲ့ သေနတ်တစ်လက်လျှင် ငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ်သိန်း ၁၀၀၊ လက်ပစ်ဗုံး နှစ်လုံးအတွက် ဆုကြေးငွေ ခြောက်သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၆ သိန်းကို တာဝန်ရှိသူများက ပေးအပ်ကြပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းင်းတို၏ မိဘအုပ် ထိန်းသူများထံသို လွှပြောင်းပေးအပ်ခဲ့ကြပါတယ်။
ဇွန်လ ၁၂ ရက်အထိ အလင်းဝင်ရောက်လာ သော PDF အဖွဲဝင် စုစုပေါင်း ၅၄၀ ရှိပြီဖြစ်ပါတယ်။
နိုင်ငံရေးအတွေးအခေါ်မရှိ၊ စာမဖတ် ပေမ ဖတ်၊ ဘာအတွေ့အကြုံမှမရှိ အလှူခံစား တောင်းစားသူ တွေကလည်း ကိုယ့်ဘာသာ နိုင်ငံရေးခေါင်းဆောင်ထင် နေတယ်။ သူများဆီက အရှက်မရှိ တောင်းစား၊ အလှူခံ စားနေတဲ့ သူတွေကလည်း ကိုယ့်ဘဝကိုယ်မေ့ပြီး မာဖီး ယားဂိုဏ်းခေါင်းဆောင်လိုလို ဂိုက်က ဖမ်းချင်သေးတယ် ဆိုပြီး အလင်းဝင်လာတဲ့ PDF လူငယ်တစ်ဦးက ရင်ဖွင့် ပါတယ်။
သူပြောတာလည်း မမှားပါဘူး။ NUG နဲ့ CRPH ထဲ ပါဝင်နေတဲ့ လူတွေကို ကြည့်လိုက်ရင် မှတ် ကျောက်တင်ခံနိုင်တဲ့ သမိုင်းလည်း မရှိပါဘူး။
ကိုယ့်ဘဝကိုယ် သိကြရင် သိပ်ကောင်းမှာပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြောင်မြိုနယ် ပြည်သူ့ ကာကွယ်ရေးအဖွဲဝင် ကိုနွေဦးကို စစ်ကိုင်းဖိုရမ်မှာ ပါ ဝင်ခဲ့လို ဆိုပြီး NUG ရဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲက ဇွန်လ ၁၀ ရက်မှာ အဖွဲဝင် အဖြစ်ကနေ ယာယီ ရပ်စဲလိုက်ပါတယ်။ ဒါဟာ NUG အနေနဲ့ သူတို စားပေါက်ပိတ်မယ့်အလုပ်က ဘယ်သူလုပ်လုပ် အရေး ယူမယ်လို အချက်ပြလိုက်တာပဲ။ သူတိုကို ပခုံးချင်းယှဉ် လာမယ့် ဘယ်တော်လှန်ရေးအဖွဲကိုမှ နေရာမပေးဘူးဆို တဲ့သဘောပါပဲ။ ဒီပုံစံမျိုးနဲ့ လုပ်နေတဲ့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မျက်စိမှိတ် ထောက်ခံသူတွေ သိဖိုအချိန်တန်ပါပြီ။
ပရဟိတ အလှူရှင်အဖြစ် ကမ္ဘာတစ်ဝန်းသိကြ တဲ့ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိတဲ့ သူ့လုပ်ငန်းတွေနဲ့ ပရဟိတဖောင် ဒေးရှင်းကို သားဖြစ်သူ အလက်ဇန်းဒါး ဆိုးရော့စ်ထံ လွှပေးလိုက်ပြီ ဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံဖွား ဘီလျံနာသူဌေးကြီးက တော့ သားဖြစ်သူဟာ သူ့အမွေဆက်ခံဖို ထိုက်တန်သူလို ပြောထားပါတယ်။
ဖခင်ရဲ့ကြွယ်ဝမှုတွေကို ဆက်ခံတဲ့ အသက်(၃၇) နှစ်အရွယ် အဲလက်စ်ဟာ သားသမီးလေးဦးမှာ အငယ် ဆုံးသားဖြစ်ပြီး သမိုင်းပညာနဲ့ ကျောင်းပြီးထားပါတယ်။
အခုတော့ သားဖြစ်သူ အဲလက်စ်ဟာ အဲဒီ ဖောင်ဒေးရှင်းမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ Open Society ဖောင်ဒေးရှင်းဟာ NLD အစိုးရလက်ထက်မှာ မြန်မာ့နိုင်ငံရေးကို နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားခဲ့တဲ့အဖွဲ ဖြစ်ပါတယ်။
တပ်မတော်က အာဏာထိန်းပြီးတဲ့နောက် Open Society မြန်မာရုံးခွဲဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMED) မှာ အမေ ရိကန်ဒေါ်လာ ငါးသန်းကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ အပ်နှံထားတာ ၂၀၂၁ ခုနှစ် မတ်လမှာ အဲဒီငွေထဲက ဒေါ်လာတစ်သန်းကျော်ကို ထုတ်ယူပြီး နေပြည်တော်မှာ ရှိတဲ့ NGO တွေကနေတစ်ဆင့် CDM တွေကို ထောက်ပံ့ တာတွေ လုပ်ခဲ့တယ်လို ဘိုးဘိုးကြီး ကြားသိခဲ့ရပါတယ်။အခု သူ့သားလက်ထက်မှာလည်း မြန်မာပြည်ကို နိုင်ငံ ရေးမပါတဲ့ အကူအညီတွေပေးနိုင်ရင် ပြည်သူတွေ သာဓု ခေါ်ကြမှာပါ။
ကြက်ဖကြီးရဲ့ ဂျင်း
မိတ်ဆွေတစ်ယောက်ပြောပြတဲ့ ဥပမာလေး သဘောကျလို မျှဝေပါရစေ။
တစ်နေ့မှာ...
လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင် ကို ဈေးထဲက ဝယ်လာပြန်တယ်။ အဲဒီနောက် ကြက်ဖ လေးကို သူ့ရဲ့ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။ ကြက် ဖလေး ခြံထဲကို ဝင်ဝင်ဝင်ချင်းမှာပဲ ကြက်မတွေ အလယ် ကောင်မှာ အခန့်သားနေနေတဲ့ ကြက်ဖအိုကြီးတစ်ကောင် ကို တွေ့လိုက်တယ်။
ကြက်ဖအိုကြီးက ----
"ဟေ့ကောင်လေး... ကြိုဆိုပါတယ်" လို ဆီးပြီး နှုတ်ဆက်လိုက်တယ်။ ဒါပေမဲ့လည်း အိုမင်းနေပြီ ဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန် သလို နေလိုက်တယ်။ ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူ လိုက်ပြီး အကဲခတ်နေတုန်းမှာပဲ ကြက်ဖကြီးက ဒီလို ပြောတယ်-
"ကောင်လေး...ဒီခြံထဲမှာ ကြက်မ ၂၅ ကောင်တိတိ ရှိတယ်။ ငါက အိုလာတော့ သူတို ဥဥနှုန်း ကျလာတယ်။ ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်ဝယ်လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့အနေနဲ့ ကြက်မ ၂၄ ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေးတစ်
ကောင်လောက်တော့ ချန်ထားပေးပါကွာ...ဒီတစ်ခု တော့ တောင်းဆိုပါရစေ"
အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျို လေးက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်တယ်။ တဟင်းဟင်း နဲ့ ရယ်မောပြန်တယ်။ ပြီးတော့ ဒီလိုပြန်ပြောလိုက်တယ်။
"ဘဲကြီး...ခင်ဗျား အသက်ကြီးပြီ။ နား လိုက်တော့...။ ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်။ ခင်ဗျား တစ်ကောင်တောင် မရဘူးမှတ်"
အဲဒီလို ကြက်ဖပျိုလေးရဲ့စကားကိုပြောတဲ့အခါ ကြက်ဖကြီးက ဒီလိုပြန်ပြောတယ်။
"အေးပေါ့လေ..။ မင်းက တက်လူ၊ အဲလေ တက်ကြက်၊ ငါက ကျကြက်ကိုးကွ၊ ဒါပေမဲ့ ဒီအတိုင်းဆုံး ဖြတ်မယ့်အစား၊ မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေးပြိုင်ပြီး နိုင်တဲ့ကောင်က ကြက်မတွေ အကုန်ယူကြေး သတ်မှတ် လိုက်ရင် မကောင်းဘူးလား၊ အေး မင်းဇရှိရင်တော့ ငါ့ကို တစ်ပေ၊ နှစ်ပေလောက် အကျောပေးပေါ့ကွာ ငါက ကြက်အိုကြီးကိုး"
အဲဒီလို ကြက်ဖကြီးရဲ့ စိန်ခေါ်စကားကိုကြား တဲ့အခါ ကြက်ဖပျိုလေးက "တစ်ပေ နှစ်ပေတင် မကဘူး အဘိုးကြီး ခင်ဗျားကို သုံးပေတိတိ အကြောပေးတယ်" လို ပြောပြီး စိန်ခေါ်တာကို လက်ခံလိုက်တယ်။
အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖနှစ်ကောင်ဟာ အပြေးပြိုင်ဖို နေရာယူကြတယ်။ ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာ နေရာယူတယ်။ကြက်ဖလေးကတော့ နောက်မှာနေရာယူပြီး စ ပြေးကြ
တယ်။
သူတိုရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက် မတွေကလည်း 'ကတော် ကတော်'သံတွေ ဆူညံနေ အောင် အားပေးကြတယ်။ ကြက်ဖကြီး ကို အားပေးကြ တဲ့ ကြက်မတွေထက် သန်မာဖျတ်လတ်တဲ့ ကြက်ဖပျို လေးကို အားပေးတဲ့ ကြက်မတွေ ပိုများနေပြန်တယ်။
ကြက်ဖကြီးက ရှေ့က ဦးဆောင် ပြေးတယ်။ ကြက်ဖလေးက နောက်က လိုက်တယ်။ ကြက်ဖကြီးက ခေါင်းကို ရှေ့ကိုအစွမ်းကုန် ဆန့်ပြီး ပြေးတယ်။ ကြက်ဖ လေးကလည်း အားကျမခံ ခေါင်းကို ဆန့်ထုတ်ပြီး ကြက် ဖကြီးနောက်က အမီလိုက်လာတယ်။ ကြက်ဖကြီးက ကတော်သံ အကျယ်ကြီးနဲ့ပြေးတယ် ကြက်ဖပျိုကလည်း မာန်ဖီပြီး လိုက်တယ်။
အဲဒီလို ကြက်ဖကြီးက အော်ပြီး ပြေး၊ ကြက်ဖပျိုက မာန်ဖီပြီး လိုက်နေတုန်းမှာတင် လယ်သမားကြီးရဲ့ လောက်စာလုံးဟာ ကြက်ဖပျိုရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ နေရာမှာတင် မာလကီး သွားရှာ တယ်။ အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ ကြက်ဖလေး ကို လာပြီးကောက်ယူရင်း လယ်သမားကြီးက ဒီလိုပြော လိုက်တယ်
"တောက်... အထီးအချင်းချင်း လိုက်နေတဲ့ ဒီအခြောက်ကြက်တွေ ဝယ်မိတာ ဒီတစ်ကောင်နဲ့ဆို ခြောက်ကောင်ရှိပြီ၊ ဒီနေ့ညနေလည်း ကြက်သားဟင်းပဲ
စားရတော့မှာပဲ"တဲ့။
အချင်းချင်း ဂျင်းထည့်ခံနေရတဲ့ ခေတ်မှာ ကြက်ဖကြီးပုံပြင်က သင်ခန်းစာယူစရာပါ။
မိဘပြည်သူအပေါင်း လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။