၂၀၂၃ ဧပြီ ၂၆
တရုတ်နိုင်ငံသည် လကမ္ဘာပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ရန်အတွက် 3D ပုံနှိပ်စက်နည်းပညာကို အသုံးပြု၍ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရပိုင် China Daily က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
2020 ခုနှစ် တရုတ်၏ လကမ္ဘာ မစ်ရှင်တွင် ဒဏ္ဍာရီလာ တရုတ် လနတ်ဘုရားမကို အစွဲပြု၍ အမည်ပေးထားသည့် Chang'e 5 အာကာသယာဉ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး လကမ္ဘာမြေဆီလွှာနမူနာများကို ကမ္ဘာမြေသို့ ပြန်လည်ယူဆောင်လာခဲ့သည်။ တရုတ်နိုင်ငံသည် 2013 ခုနှစ်တွင် ပထမဆုံး လပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီး 2030 ခုနှစ်တွင် လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးတစ်ဦး ဆင်းသက်ရန် စီစဉ်ထားသည်။

တရုတ်နိုင်ငံသည် Chang'e 6၊ 7 နှင့် 8 မစ်ရှင်များကို လွှတ်တင်မည်ဖြစ်ပြီး၊ လကမ္ဘာပေါ်ရှိ ပြန်သုံးနိုင်သော အရင်းအမြစ်များကို ရေရှည်လူသားများနေထိုင်ရန်အတွက် ရှာဖွေရန် တာဝန်ပေးမည်ဖြစ်သည်။ Chang'e 8 စူးစမ်းလေ့လာရေးယာဉ်သည် ပတ်ဝန်းကျင်နှင့် ဓာတ်သတ္တုပါဝင်မှုဆိုင်ရာ စူးစမ်းလေ့လာမှုများကို လုပ်ဆောင်မည်ဖြစ်ပြီး၊ 3D ပုံနှိပ်စက်ကဲ့သို့သော နည်းပညာများကို လမျက်နှာပြင်ပေါ်တွင် ဖြန့်ကျက်အသုံးပြုနိုင်မည်ဖြစ်သည်။
"လပေါ်မှာ အကြာကြီးနေချင်တယ်ဆိုရင်တော့ လရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို အသုံးပြုပြီး အဆာက်အဦးတွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်" ဟု Wu က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငါးနှစ်အတွင်း လကမ္ဘာပေါ်မှ မြေဆီလွှာကို အသုံးပြု၍ လ၏အခြေစိုက်စခန်းကို စတင်တည်ဆောက်လိုသည်။
တရုတ်အင်ဂျင်နီယာအကယ်ဒမီမှ ကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်အရ Chang'e 8 ခရီးစဉ်အတွင်း လကမ္ဘာမြေအုတ်များပြုလုပ်ရန် တာဝန်ပေးထားသော စက်ရုပ်တစ်ရုပ်ကို 2028 ခုနှစ်ဝန်းကျင်တွင် လွှတ်တင်မည်ဖြစ်သည်။
တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံတို့သည် မကြာသေးမီနှစ်များအတွင်း လကမ္ဘာပေါ်သို့ ခြေချရန် ပြိုင်ဆိုင်မှု ပြင်းထန်လာမည်ဖြစ်သည်။