၂၀၂၄ ဖေဖော်ဝါရီ ၁၆
တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုတာ ပေါ့သေးသေးမဟုတ်ချေ။ အင်မတန်မှ အတွေးအခေါ် ကောင်းကြသူများ ဖြစ်သည်။ အခုအစိုးရက ပြည်သူ့စစ်မှု ထမ်းဥပဒေကို အတည်ပြုလိုက်သည်။ ဒီတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မနေသာတော့ဘဲ အစိုးရဘာ လုပ်လုပ်ကန့်လန့်တိုက်ရမှာ တာဝန်ကြီးတစ်ရပ်လို ဖြစ်နေတော့ ဖုန်တက်နေသော ဖေ့စ်ဘုတ်အကောင့်ကြီးတွေကို ဖုန်သုတ်ကာ အွန်လိုင်းပေါ် အပြေးအလွှားရောက် လာကြသည်။ ကျောင်းသားခေါင်းရှောင်ကြီး ကိုယ်တိုင်လည်း အွန်လိုင်းပေါ်ရောက်လာပြီး တပ်ထဲမဝင်ကြနဲ့ ငါတို့တိုင်ပင်ပြီး စာထုတ်မယ်စောင့် ဖတ်ကြဟူပြီး ပြာပြာသလဲ ထပြောလေတော့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုတာကလည်း ဟိုယခင်ကတည်းက ရေးဆွဲထားပြီးခုမှသာ အတည်ပြုယုံလေးရှိသေးသည်။ အစိုးရက တစ်ကွက်ပြလိုက်ရုံဖြင့် အင်မတန် ဉာဏ်ကောင်းသော တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ချက်ဆိုရင် နားခွက်က မီးထတောက်ပြီး တပ်ထဲမဝင်ကြနဲ့ တောထဲဝင်ဆိုပြီး ထအော်ကြလေတော့သည်။ ဟိုရှေးရှေးတုန်းက လိုအပ်ရင် စစ်မှုထမ်းမယ်လို့ပြောခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင်မကြီးက လည်း ဒါဟာ အခွင့်အရေးကောင်းပဲ၊ တပ်ထဲမဝင်ချင်ရင် ငါတို့ဆီလာကြ၊ ငါတို့ ပဒက်အဖွဲ့တွေ အင်အားတောင့် တင်းလာတော့မှာဆိုပြီး ဖေ့စ်ဘုတ်မှာ ခပ်တည်တည် တက်ရေးလေသည်။ ဒီကြားထဲ တော်လှန်ရေးခေါင်းဆောင်ကြီးအချို့ကလည်း ဒါက တပ်မတော်က ပေါ်တာကို တရားဝင်ဆွဲလို့ရအောင် လုပ်တာပဲဆိုပြီး ပြည်ပသတင်းဌာနတွေကို ခပ်တည်တည် ဂျင်းထည့်ပြန်သည်။ သုံးနှစ်သားလောက်သာရှိသေးပြီး စစ်ရေးစစ်ရာ အင်မတန် ကျွမ်းကျင်သော အနာဂတ် စစ်ရေးခေါင်းဆောင်ကြီးတွေကလည်း ဒါဟာ လူငယ်တွေကို ကြားနေခွင့်မပေး တော့တာဒါကြောင့် တပ်ထဲမဝင်ကြနဲ့ ငါတို့ဆီလာကြဟု နီးစပ်ရာ သတင်းဌာနတွေကို ဆရာကြီးလေသံဖြင့် ပြန် ဖြေကြသည်။
အစိုးရက စာလေးသုံးကြောင်းလောက်ပါသည့် ထုတ်ပြန်ချက်လေးတစ်စောင်ထုတ်ပြီး ပြည်သူ့ စစ်မှုထမ်း ဥပဒေအတည်ပြုရုံရှိသေးသည် တော်လှန်ရေးခေါင်း ဆောင်ကြီးတွေက တစ်ခါတည်း လူသစ်စုဆောင်းသည်အထိ ဉာဏ်ပညာထက်မြက်လွန်းလှသည်။ ထူးမြတ်က တော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးကိုကြည့်ပြီး အစိုးရကတော့ ဒီတစ်ခါတော့ ခံရပြီဟု တွေးမိသည်။ အခုပဲကြည့်လေ အစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ဘယ်လိုမျိုးပြည်သူတွေ ဘယ်လို နားလည်ရမယ်ဆိုတာ ရှင်းပြရုံရှိသေးသည် တောဥလှန်ရေးခေါင်းဆောင်ကြီးတွေက ထူးချွန်ထက် မြတ်ဉာဏ်ရည် ထက်တာကြောင့် ကွက်ကျော်မြင်သွားသည်။ တချို့ ခေါင်းဆောင်ကြီးတွေကလည်း အစိုးရက စစ်မှုထမ်းဖို့ခေါ်ရင် လိုက်သွားပြီးမှ သေနတ်တွေယူပြီး ငါတို့ဆီလာခဲ့ကြဟု အင်မတန် ဉာဏ်ရည်ထိုင်းမှိုင်းသော ပြည်သူများကို ညွှန်ကြားလေသည်။ ဒီလို ဉာဏ်ရည်ထက်သော တော်လှန်ရေးခေါင်းဆောင်ကြီးများကို ပိုင်ဆိုင်ထားသည့်အတွက် ဉာဏ်ရည်နိမ့် အသိုင်းအဝိုင်းကြီး အနေအစား ချောင်နေတာဖြစ်သည်။ ဒါကြောင့် ခုချိန်ကစပြီး ဉာဏ်ရည်နိမ့် အသိုင်းအဝိုင်းကလူတွေ ခေါင်းဆောင်ကြီးတွေ ပြောသမျှ နားထောင်ပြီး တစ်သွေမတိမ်း လိုက်လုပ်သင့်သည်။
အခုဆိုရင် အစိုးရက ပြည်သူစစ်မှုထမ်းဥပ ဒေအတည်ပြုပြီးဖြစ်တာကြောင့် မကြာခင်နည်း ဥပဒေတို့ ဘာတို့ထုတ်ပြန်လာနိုင်သည်။ ဒီလိုဆိုရင် မဝေးတော့တဲ့ ကာလတွင် ပြည်သူစစ်မှုထမ်းခွင့် ရလာနိုင်သည်။ ဒီလိုဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ၏ မြင့်မားလှသော ဉာဏ်ရညဉာဏ် သွေးအကွက်ထဲကို အစိုးရဝင်သွား ပြီဖြစ်သည်။ စစ်သင်တန်းဆိုတော့ ပထမ ဘယ်ညာဘယ် ညာအားလုံးသတိ ရှေ့ကြည့် ညာညှိတို့၊ ဘာတို့ သင်မည်ထင်သည်။ ပြီးရင် လက်နက်ငယ် အဖြုတ်အတပ် သင်ခန်းစာတွေ သင်ပေးနိုင်သည်။ ဒီလိုဆိုရင် ပြည်သဥတွေ လက်နက်ငယ်လောက်ကတော့ အသာလေးပစ်ခတ် နိုင်ပြီဖြစ်သဖြင့် ခေါင်းဆောင်ကြီးတွေပြောတဲ့ တောထဲ ကို သွားလို့ရပြီဖြစ်သည်။ တောထဲရောက်ရင်တော့ လက်နက်ရဖို့ စောင့်ရအုံးမည်ထင်သည်။ တချို့ ပဒက်အဖွဲ့တွေတောင် လက်နက်တွေမရလို့ ကျည်တွေမရှိလို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အလှူငွေထဲကပေးဖို့ တောင်းရမ်းနေကြသည်။ ဘာပဲဖြစ်ဖြစ် လက်နက်ငယ် အဖြုတ်အတပ်ရတော့ စီနီယာပဒက်တွေရဲ့ လက်နက်တွေကို တိုက်ချွတ်ပေးလို့ ရနိုင်သည်။
အစိုးရကလည်း ပြည်သူတွေ စစ်မှုထမ်းနိုင်အောင် စနစ်တကျ စစ်ပညာကိုသင်ပေးမှာ ဖြစ်သည်။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ဘာဖြစ်တယ်ညာဖြစ်တယ်လို့ အော်နေမယ့်အစား မြန်မာ လွတ်လပ်ရေးအတွက် ဂျပန်မှာ စစ်ပညာသွားသင်နေတယ်လို့ သဘောထားပြီး သေချာသင်ရ မည်ဖြစ်သည်။ လက်နက်ငယ် သင်တန်းတွေပြီးရင် လက်နက်ကြီးသင်တန်းတွေ ဆက်တက်ရင် ပြည်သူတွေ အားလုံး လက်နက်ကြီး ပစ်ခတ်ကျွမ်းကျင်လာ နိုင်သည်။ ဒီလိုဆိုရင် တော်လှန်ရေးခေါင်း ဆောင်ကြီး တွေချမှတ်ထားတဲ့ လမ်းအတိုင်း အစိုးရဆီက အမြှောက် ကြီးတွေထမ်းပြီး တောထဲသွား လို့ရပြီ ဖြစ်သည်။ အမြှောက်တစ်လက်ပါရင် ဆုငွေဘယ်လောက်ဆိုတာမျိုး တော်လှန်ရေးခေါင်း ဆောင်ကြီးတွေက ပေးမှာဖြစ်လို့ လေးလံလှသော အမြှောက်ကြီးတွေကို တောထဲထမ်းသွားရင် လူအင်အားများများ လိုမည်ဖြစ်သည်။ ဒီထက်ပို အဆင့်မြင့်လာပြီး အမြှောက်ကားကြီးတွေ ပစ်နည်း သင်တန်းပေးရင်တော့ လူအင်အားအများကြီးနဲ့ ထမ်းသွားစရာမလိုဘဲ ခေါင်းဆောင်ကြီးတွေရှိရာ တောထဲကို အေးအေးဆေးဆေး မောင်းသွားလို့ရသည်။ အစိုးရက ဥပဒေတစ်ခု အတည်ပြုတာကို တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ကွက်ကျော်မြင်တက်ပုံများ ချီးကျူးလို့ မဆုံးပေ။ သေသေချာချာ ပိပိရိရိ လုပ်ဖို့တော့လိုသည်။ မဟုတ်ရင် တစ်သံတည်းညီရုံပဲရှိပြီး တစ်ချီတည်း အကျုံးခံရနိုင်သည်။
ဒီလိုနဲ့ စစ်မှုထမ်းသက်ရလာရင် တိုက်လေ ယာဉ်မောင်းသင်တန်းတွေဘာတွေ တက်လို့ရလာနိုင်သည်။ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ရင် ခေါင်း ဆောင်ကြီးတွေရှိရာ အမေရိကားကို ကိုယ့်လေယာဉ်ကို မောင်းပြီး သွားလို့ရသေးသည်။ ခေါင်းဆောင်ကြီးတွေအနေနဲ့ လေယာဉ်ပစ် ဝယ်မယ့်ငွေတွေကို မဝယ်တော့ဘဲ လေယာဉ်ကွင်းတွေ ကြိုဝယ်ထားသင့်သည်။ စစ်ပညာသင်ရင်း တိုက်လေယာဉ်မောင်းလာမည့် သူများကို လေဆိပ်ကနေ ကြိုစောင့်သင့်သည်။ တော်ကြာ အမေရိကားကိုရောက်ဖို့ လမ်းမှားသွားမှာစိုးရိမ်၍ ဖြစ်သည်။ ဒါတင် မကသေး တပ်မတော်ဆိုတာက ကြည်း၊ ရေ၊ လေရှိတာကြောင့် စစ်မှုထမ်းပြည်သူတွေကို စစ်သင်္ဘောကြီးတွေ မောင်းတာ သင်ပေးနိုင်သည်။ ဒီလိုဆိုရင် သင်္ဘောတွေကို အမေရိကားက ခေါင်းဆောင်တွေဆီ မောင်းသွားလို့ရသည်။ တပ်မတော်မှာက ရေငုပ်သင်္ဘောတွေလည်း ရှိ တာကြောင့် ရေငုပ်သင်္ဘောကြီးတွေလည်း အလှူခံစရာ မလိုဘဲ အလကားရနိုင်သည်။ ဒါကြောင့် ခေါင်းဆောင် ကြီးတွေအနေနဲ့ ခုကတည်းက တိုက်လေ ယာဉ်ပါလာရင် ဒေါ်လာ ဘယ်နှသန်းပေးမယ်၊ ရေငုပ်သင်္ဘောကြီးတွေ ပါလာရင် ဘယ်လောက်ဆိုတာ မျိုး ကြိုတင်ကြေညာထား သင့်သည်။ ကြေညာရုံနဲ့မပြီးသေး အရင်လို အကွက်ဟောင်းတွေနဲ့ အောင်လံလွှင့်ချီ ရေငုပ်သင်္ဘောဆီသို့၊ တိုက်လေယာဉ်နဲ့ အိမ်ပြန်ကြမယ်ဆိုတဲ့ ကမ်ပိန်းတွေ လုပ်ပြီး အလှူခံထားသင့်သည်။
ဒီလောက်အကြံပေးရင် တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ဉာဏ်ရည်ထက်မြက်တာကြောင့် ကွက်ကျော်မြင်နိုင်သည်။ ခုကတည်းက ခေါင်းဆောင်ကြီးတွေ အမေရိကားမှာ ဝယ်ထားတဲ့ အိမ်တွေရောင်းပြီး ပြည်တော်ပြန်ဖို့ အထုပ်အပိုးပြင်ထားသင့်သည်။ တော်လှန် ရေးခေါင်းဆောင်ကြီး တွေက ခိုလှုံရာနိုင်ငံများတော့ စစဥသင်္ဘောကြီးတွေနဲ့ ကမ္ဘာ့ရေကြောင်းကပတ်ပြီး လိုက် ခေါ်ရမည်ဖြစ်သည်။ အမေရိကားတို့၊ သြဇီတို့အထိဆိုတော့ ရေကြောင်းကြည့်ဖို့ ခေါင်းဆောင်ကြီးတွေက ဂူဂဲလ်မတ် ကျွမ်းကျွမ်းကျင်ကျင် ပညာရှင်တွေတော့ ရှာထားဖို့လိုသည်။ ဒီလိုဆိုရင်တော့ ခေါင်းဆောင်ကြီးတွေ ပြောသလို ပင်လယ်ထဲမှာ စစ်သင်္ဘောာကြီးစီးပြီး တစ်လှိုင်းပြီးတစ်လှိုင်း ကျော် ဖြတ်လို့ရသည်။ အမေရိကားတို့၊ သြဇီက လူတွေစုံရင်တော့ အပြန်တော်လှန်ရေးခေါင်း ဆောင်ငယ် လေးတွေရှိရာ ယိုးဒယားကိုလည်း ဝင်ခေါ်ရ ဦးမည်။ တော်လှန်ရေး ကြာဦးမည်အထင်နဲ့ ဘန်ကောက် မှာ အိမ်တွေဝယ်ထားတာလည်း ကြိုရောင်းထားဖို့လိုသည်။ အမေရိကားကအိမ်တွေကတော့ အရစ်ကျ ဝယ်ထားတာဆိုတော့ နောက်တစ်ခါ တော်လှန်ရင်လည်း သွားနေလို့ရအောင် အလှူခံထားလို့ရတဲ့ ငွေတွေထဲက အကြေချေခဲ့လို့ရသည်။ ပြည်ပမှာ အပင်ပန်းဆင်းရဲခံပြီး သုံးနှစ်သုံးမိုး အလှူခံစားလာသော တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ဉာဏ်ကောင်းတော့ အစိုးရက တစ်ကွက်ပြရုံဖြင့် ကွက်ကျော်မြင်တတ်တာကို ချီးကျူးမိသည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )