မင်းတို့ဆီမှာ Spin ၊ ဒို့ဆီမှာဂျင်း

 ၂၀၂၃ ဇန်နဝါရီ ၁၂

                Burma Act ဆိုတာကို အမေရိကန်လွှတ်တော်ဟာ မြန်မာပြည်က တရားမဝင်အဖွဲ့အစည်းတွေ အတွက် US ၏ ကိုယ့်တိုင်းပြည်ရဲ့ Values  တွေကို လစ် လျူရှုပြီး ဥပဒေပြုပေးလိုက်တာမို့ အမေရိကန် ဥပဒေအကြောင်း နားလည်တဲ့သူ တစ်ယောက်ကို အကျိုးအကြောင်း မေးကြည့်ပါတယ်။ သူ့အမြင်အရကတော့ ဒီထောက်ပံ့ငွေဆိုတာဟာ Symbolic ပါတဲ့။ ဗန်းစကားနဲ့ပြောရရင် လူရှိန်တာပဲ ရှိပါတယ်တဲ့။ ဟိုကောင်ခပ်တဲ့ရေ၊ ဟိုကောင်မျက်နှာသစ်တာနဲ့ကုန်မှာပဲလို့လဲပြောပါ တယ်။ UN လက်အောက်က အဖွဲ့အစည်းတွေလိုပါပဲတဲ့။ Project တစ်ခုရရင် ရာခိုင်နှုန်း ၆၀ လောက်က သူတို့ စရိတ်စကတွေ ဖင်နုတ်ခေါင်းနုတ်နဲ့ ကုန်မှာပါတဲ့။ ကျန် တာ လေးတော့ရမှာပေါ့။ ဒါလည်း ကိုယ့်လက်ထဲရောက်တော့ မျှမျှတတ လုပ်ဦးမှ။ မသိတဲ့လူတွေကတော့ စပေး လိုက်တဲ့ ကိန်းဂဏန်းကြီးကိုမြင်ပြီး ငါတို့တိုက်ပွဲဝင်နေရ တာခုတော့ ထူးပြီလို့ စိတ်ကူးတွေ ယဉ်နေမှာ။ ဒါပေမဲ့တော်လှန်ရေး လုပ်စားတဲ့လူတွေကများတော့ ဘိန်းစား ချင်းအတူတူ တစ်လုံးပိုရှူကြရင်း တိုက်ဆောက်၊ ကား ၀ယ်နဲ့ ရေခြားမြေခြားရောက် ခေတ်ပျက်သူဌေးတွေအ ကြောင်း မကြားချင် အဆုံးပါ။ နောက်တစ်ခု ဒီ Burma Act ဆိုတာက အမေရိကန်ရဲ့ (Annual Defiance legislation) ဥပဒေတွေရဲ့အောက်က အစွယ်အပွားဥပဒေဖြစ် ပြီး (Stand Alone Act) မဟုတ်ပါဘူး။ ဒါကြောင့် သိပ် မထက်မြတ်ဘဲ (Conditional Clause)တွေနဲ့ ရေးထား တာဆိုတော့ May တွေ၊ Shall တွေနဲ့ ဝေ့နေမယ်လို့ပြော ပါတယ်။ ငွေကလည်း စိတ်ကြိုက် ကိုင်သုံးလို့မရဘဲ စီမံ ချက်တွေတင်ပြီး တောင်းရမှာဆိုတော့ ဆရာကြီးတွေ က ဂျင်းထည့်၊ အောက်ကလူတွေကို အနံ့ပေးပြီး ခိုင်းကောင်းအောင် လုပ်ထားမှာဆိုတော့ နှစ်ဖက်ပိတ်တွေ အတွက် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အကိုက်ပါပဲ။

                ပြည်ပမှာတော့ မီဒီညာတွေက ချဲ့ကား၊ မလှိမ့် တပတ်ရေးပြီး စာဖတ်သူကို လှည့်စားတာကို Spin လုပ် တယ်လို့ သုံးပါတယ်။ အဲ့ဒီလို ဘတ်}ပေးတဲ့ဆရာကြီး တွေကို Spin Doctors လို့ခေါ်ပါတယ်။ (ဒီကတော့ဂျင်း သမားလို့ခေါ်ပါတယ်) ပြည်ပြေးတွေနဲ့ ငပိန်းတွေထင်နေတာက ခါတော်မီ မနက်ဖန်၊ သန်ဘက်ခါ လက်နက် မျိုးစုံနဲ့ ချီတက်လာတော့မည့်ပုံ၊ ]ညီလေးတက်၊ အစ်ကို ကြီး ကာပစ်ပစ်ပေးမယ်}ဆိုတဲ့စကားအတိုင်းပေါ့}} လို့ပြောပါတယ်။

                အခုတော့ နွေဦးတော်လှန်ရေးသမားဆိုတာ တွေကို ဗန်းပြပြီး အလောင်းပြ ဖဲဝိုင်းထောင် အကောက် ကောက်ဖို့ ကြံစုပ်ဖို့ ချောင်းနေတဲ့သူတွေက အများကြီး။ ကလေးတွေကိုဗန်းပြပြီး မြို့သိမ်းတိုက်ပွဲတိုက်ပေးမယ်လို့ ပြောပြီး နိုင်ငံခြားကငွေတွေ အလှူခံခိုင်းလိုက်၊ နယ်စပ် နားက မြို့လေးကို မိုက်ရူးရဲ သွားတိုက်။ အလူးအလှိမ့် ခံလိုက်ရတော့ မြှောက်ပေးလို့ တက်တိုက်တဲ့ ကလေးတွေပါပဲ။ တစ်ခါ နိုင်ငံခြားကို အရင်ရောက်နှင့်နေပြီး လုပ်စားနေကြလူတွေက အသံလွှင့်ဌာနတွေနဲ့ ဟန်ပြဗျူး ပြီးတော့ Training Funding တွေနဲ့ အမဲဖျက်ဖို့ချောင်းတဲ့ လူကချောင်းနဲ့ အခွင့်ကောင်းယူ၊ အချောင်နှိုက်မယ့် လူကလည်း မရှား။ တကယ်တမ်းတော့ သူတို့တော်လှန်ရေးက သောင်မတင်ရေမကျနဲ့ အီနေပါပြီ။ မီဒီညာကသာ ဟန်ပြ ဘယ်စခန်းတွေ ကျကုန်ပြီ၊ စစ်တပ်ကို နိုင်နေပြီလို့ Spin တွေ ထည့်နေပေမယ့် သူတို့ အခြေအနေကို သူတို့အသိဆုံးမို့ အကြောင်းသိနေသူတွေက သူတို့ကို သနားနေကြပါတယ်။ ဒါပေမဲ့ ဒီကလေးတွေကတော့ မြှောက်ပေးတာ လုပ်နေကျမို့ သူတို့ကတော့ ဘာမှသိရှာ မှာ မဟုတ်ပါဘူး။

                ပြန်စဉ်းစားကြည့်တော့ဒီ Burma Act ဆိုတာ တရုတ်ကို အမေရိကန်က China Containment Policy အရ ကသိကအောက်ဖြစ်အောင် လုပ်တာလည်း ပါပါ တယ်။ US အတွက် Burma Act ရဲ့ Side Effect က ဘာလဲဆိုတော့၊ သွေးအေးနေတဲ့ တရုတ်ကို သတိပေး လိုက်တဲ့ Wake up Call လို ဖြစ်သွားပါတယ်။ တရုတ်က သူ့အမျိုးသား အကျိုးစီးပွားကို လာထိခိုက်မှာဆိုတော့ EAO တွေနဲ့ ဒီပြည်ပြေးအဖွဲ့တွေ၊ လှုပ်ရှားမှုတွေကို သတိမထားလို့မရတော့ပါဘူး။ ထိုင်းကလည်း အခုဆိုရင် မြန်မာဘက်က ကူးလာသူတွေကို အတော်ဂရုစိုက်နေ ပါပြီ။ ကိုဗစ်အတွက် စိတ်ပူရတာတစ်မျိုး၊ EAO နဲ့ အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူ ((Migrants) တွေက တစ်မျိုးဆိုတော့ သူတို့ကိုလည်း အပူကူးကုန်တော့မှာ သေချာပါတယ်။

                1st Jan ၂၃ ရက် လန်ဒန်ကထုတ်တဲ့ Econo-mist အ မဂ္ဂဇင်းမှာ သူ့ရဲ့ Economic Intelligence Unitu Burma Act နဲ့ပတ်သက်ပြီး ဒီဥပဒေကြောင့် ဘာမှထူး ထူးခြားခြား တိုးတက်မှုတွေ၊ ရလဒ်တွေ ဖြစ်လာစရာအကြောင်းမရှိဘူး။ "Burma Act Unlikely to Bring Significant Change" " Not a game changer "လို့ ဖော် ပြထားပါတယ်။ NUG ဆိုတဲ့ အဖွဲ့ကလူတွေ အောင်မြင် မှုတွေရနေပြီလို့ ဘာတွေပဲ ပြောနေပါစေ၊ NUG/ PDF  တို့ကလည်း နယ်မြေသိမ်းတိုက်ပွဲ ဘာမှမလုပ်နိုင်ဘူး။ နယ်မြေကို စိုးမိုးချုပ်ကိုင်နိုင်တာလဲ မရှိဘူးလို့ သုံးသပ် ထားတာကို (EIU-Feature-Burma Act-unlikely-to-bring: cdn.fbsbx.com) link မှာ ဖော်ပြထားပါတယ်၊၊ (စာရှည်နေမှာ စိုးလို့ မဖော်ပြတော့ပါဘူး) ခြုံလိုက်ရင်တော့ ပြီးခဲ့တဲ့ အစိုးရက အမြီး မသိမ်းတတ်တာပါဘဲ ဒီမိုကရေစီ စံမမီတဲ့ ရွေးကောက်ပွဲဆိုတဲ့ အမှိုက်ကစလောင်လိုက်တဲ့ မီးဟာ၊ "spin စာ ဂျင်းစာ မိပြီး၊ မြန်မာ အဖို့ ဟာနုမန်မျောက်အမြီး မီးလောင်လျက်နဲ့ သိန်းဂိုရ် တစ်ခုလုံး လျှောက်ခုန်ရင်း မီးအမြှိုက်ခံရတဲ့ ကိန်းဆိုက် တာနဲ့ တူနေပြီလို့သာ Analogy ဆွဲလိုက်ချင်ပါတယ်ဗျာ။


Total Views ~ 334

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42830

© 2022 - 2025 News. All Rights Reserved.