၂၀၂၄ ဇန်နဝါရီ ၁၁
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ INTERPOL တစ်ခုလုံး ခေတ်စကားနဲ့ပြောရရင် တိုင်ပတ်ကုန်သည်။ နိုင်ငံတကာကိုလည်း အင်တာပိုလ်က အလိုရှိဆုံး ငွေလိမ်ဂိုဏ်းကြီးအမည်နှင့် ပါဝင်နိုင်ဖွယ်ရှိသော ကမ္ဘာ့အတော်ဆုံးလူလိမ်များ ဖမ်းဆီးရမိရေး အကူအညီတောင်းခံစာများကို ပေးပို့ထားသည်။ နိုင်ငံတကာကလည်း အင်တာပိုလ်လို ရဲတပ်ဖွဲ့ကြီးက အလိုရှိနေတဲ့ ငွေလိမ်ဂိုဏ်းကြီး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် လိမ်လည်မှုနှင့် ကျော်စောသော ရာဇဝင်လူလိမ်လူဆိုး ကြီးများကို ဖမ်းဆီးထိန်းသိမ်း လိုက်ကြသည်။ နိုင်ငံတကာကလည်း ရဲတပ်ဖွဲ့တွေရဲ့ ထုံးစံအတိုင်း အမှုကွင်းဆက်များ မပြတ်တောက်ရေး သံသယရှိသည့် တရားခံများကို တစ်ယောက်ပြီးတစ် ယောက် ဖမ်းဆီးစစ်ဆေးမှု လုပ်နေကြသည်။ သို့သော် ကမ္ဘာ့နာမည်ကြီး လူလိမ်များကိုယ်တိုင်ပင် လက်ရှိ နာမည်ကြီးနေသော "ကျားပန်"ဟူသော ဂိုဏ်းကို နာမည်သာကြားဖူးပြီး မည်သူမည်ဝါတွေ ဦးဆောင်နေသည်ကို ပင်မသိကြပေ။ နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးကိစ္စ ဖြစ်သည့် သံသယတရားခံများကို ဖမ်းဆီးစစ်ဆေးရာတွင် အချို့လူလိမ်တွေမှာ လက်လွန်ကြက်သွန်ဖြစ်ပြီး ဘဝသာ ကူးကုန်ကြသော်လည်း ငွေလိမ်ဂိုဏ်းသတင်း အစအနပင် မရတာကြောင့် အင်တာပိုလ်မှာလည်း မီဒီယာတို့၏ တံတွေးခွက် ပက်လက်မျောနေရရှာသည်။
ဟိုတလောကနာမည်ကြီးနေသည့် ကျားဖျန့်ဟူသော အွန်လိုင်းငွေလိမ်ဂိုဏ်းဆိုတာက မည်သူတွေ ဦးဆောင်နေသည်၊ မည်သူတွေ ပါဝင်ပတ်သတ်နေသည်ဆိုတာက သတင်းအစအနဆွဲပြီး ဖော်ထုတ်လို့ရတာကြောင့် အင်တာပိုလ်၏ ကျော်စောနေသောဂုဏ်သတင်းက ကျားပန်ငွေလိမ်ဂိုဏ်းနှင့်တွေ့တော့မှ နာမည်ပျက်ရ လေတော့သည်။ ကျားဖျန့်ဆိုတာက အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဟိုနိုင်ငံကနှင်ထုတ် ဒီနိုင်ငံကိုရောက်၊ ဒီ နိုင်ငံကနှင်ထုတ် ဟိုနိုင်ငံရောက်နှင့် အကောင်အထည် ပြလို့ရသည့် ဂိုဏ်းဖြစ်တာကြောင့် အချိန်မရွေး ကွိခနဲနေအောင် ဖမ်းလို့ရနိုင်သည်။ ကျားဖျန့်ဆိုတာကလည်း လူရဲ့လောဘကိုငွေနဲ့ မြှူဆွယ်တာကြောင့် ငွေမက်သူတွေသာ အလိမ်ခံရတာဖြစ်ပြီး ကျားပန်ဂိုဏ်းက ကြ တော့ အယုတ်အလတ် အမြတ်မရွေး အလိုလို အလိမ်ခံချင်စိတ်တွေ ပေါက်အောင်လိမ်တတ်သည့် ဝါရင့်လူလိမ်ကြီးများ ဦးဆောင်သော ဂိုဏ်းကြီးပင်ဖြစ်သည်။ ကျားပန်ဂိုဏ်းက လူချမ်းသာ လူဆင်းရဲမရွေးလိမ်သလို အဆိုးဆုံးက ကမ္ဘာက လေးစားရသည့် နိုင်ငံကြီးတွေ၏ အစိုးရတွေကိုပါ လိမ်သလို နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများပါ အလိမ်ခံနေရတာ ဖြစ်သည်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး အရှက်ကွဲရတာကြောင့် ထိုငွေလိမ်ဂိုဏ်းကြီးကို အင်တာပိုလ်က အလိုအရှိဆုံးဂိုဏ်းကြီးအဖြစ် ကြေညာထားတာဖြစ်သည်။ ဒီကြားထဲ ထိုဂိုဏ်းကြီးက ဟိုနိုင်ငံမှာ အခြေစိုက်သလို၊ ဒီနိုင်ငံမှာ အခြေစိုက်သလိုလိုနှင့် အထင်ခံရသည့် နိုင်ငံတွေကိုပါ အင်တာ ပိုလ်က ဝင်မွှေရှာဖွေသော်လည်း မမိသဖြင့် ရှာဖွေခံရသည့်နိုင်ငံက ဟိုတိုင်ဒီတောလုပ်ရင်း အပြည်ပြည်ဆိုင်ရာ တရားရုံးမှာလည်း နိုင်ငံတကာက အမှုသည်တွေနဲ့ ပြည့်နှက်နေသည်။ နိုင်ငံတကာ သတင်း ဌာနကြီးတွေကလည်း ကျားပန်ဂိုဏ်းအကြောင်းကို ဝေေ၀ဆာဆာ ဖော်ပြကြပြီး တစ်ခါတလေ မီဒီယာတွေပါ ရောပြီး အလိမ်ခံရတတ်သေးသည်။ ကျားပန်ဂိုဏ်းလိမ်လည်ပုံကို ကမ္ဘာ့မီဒီယာအချို့က ဖော်ပြကြရာ ကျားပန်ဂိုဏ်းက အရှေ့တောင်အာရှက နိုင်ငံအချို့နှင့် အမေရိကားနိုင်ငံတို့က လူတွေကို ပစ်မှတ်ထားလိမ်လည်တာဖြစ်ပြီး သူတို့ ပစ်မှတ်ထားလိမ်လည်မည့် သူများကို အွန်လိုင်းမှတစ်ဆင့် Nipal Virus များ အရင်ဖြန့်ဝေပြီး ၎င်းဗိုင်းရက်စ်ပိုးထိသူများက အလိုလို ပေးချင်ကမ်းချင် စိတ်တွေဖြစ်လာကာ စဉ်းစားချင့်ချိန်တတ်သည့် ဉာဏ်ရည်များ ပျောက်ဆုံးသည်အထိ ပြင်းထန်သည်ဟုဆို သည်။
Nipal Virus ကူးသူများ စဉ်းစားဉာဏ်များ ပျောက်ဆုံးကာ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ချိန်ကိုကျား ပန်ဂိုဏ်းက အခွင့်ကောင်းယူကာ A4 ခေါ် လုပ်ငန်းသုံး စာရွက်ကြီးများကိုထုတ်ကာ ငွေတိုက်စာချုပ်ဟု ဆိုကာ ဂိုဏ်းသားများက ကမ္ဘာ့လူလည်ကြီးများနေထိုင်ရာ အမေရိကားလိုနိုင်ငံ၏ လမ်းလယ်ကောင် များတွင် ပေါ်တင်ရောင်းချလေရာ အလုအယက် ဝယ်ယူကြလေသည်။ တစ်ခါကလည်း ကျားပန်ဂိုဏ်း သားများသည် ဗိုင်းရပ်စ်ပိုးမိနေသော နိုင်ငံတကာက ဘိရုမာလူမျိုးတွေကို အင်္ဂါဂြိုဟ်ပေါ်က မြေကွက်များပေါ်တွင် ကွန်ဒိုများတည် ဆောက်ပေးမည်ဟုဆိုကာ ကြိုပွိုင့်စနစ်များဖြင့် ရောင်းချ ဖူးသည်။ ထိုသို့ ရောင်းချမှုကိုလည်း ငြစေူ ဠငမကျ ပိုးကူး စက်ခံသူတွေက ဒေါ်လာသန်းချီပေးကာ ဝယ်ယူကြသည်။ ဒါတင်မကသေးဘဲ ကျားပန်ဂိုဏ်းသားများက ကိုယ်ပျောက်ဘဏ်များတည်ထောင်ပြီး ကိုယ်ပျောက် ဘဏ်မန်နေဂျာများထံ ငွေများအပ်နှံရန် လှုံ့ဆော်ခဲ့ကြပြီး ပိုးကူးစက်ခံရသူများက ဘဏ် ပျောက်ကြီးထံ ငွေများအပ်နှံကြသည်အထိ ပိပိရိရိလိမ်လည်ကြသေးသည်။ ဒါတင်မကသေး နိုင်ငံတစ် နိုင်ငံကို အခြေပြုကာ လှုပ်ရှားနေသည့် သူပုန်အဖွဲ့တစ်ဖွဲ့ထံကို ဒေါ်လာသိန်းချီတန်သည့် ကျည်ကာ အင်္ကျီများ၊ ဦးထုပ်များရောင်းချပေးခဲ့ရာ ဝတ်ဆင်အသုံးပြုသူများ ခေါင်းကျည်မှန်ထုတ်ချင်းပေါက် ဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ကျားပန်ဂိုဏ်း၏ လိမ်လည်မှုကို လက်နက်ကိုင်အဖွဲ့များပင် ခံလိုက်ရ သည်။
ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ပြင်းထန်သော Nipal Virus ပိုးကို ကုသရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်တိုင်က ဦးဆောင်ကာ ဆေးသိပ္ပံပညာရှင်များဖြင့် စုပေါင်းရှားဖွေခဲ့ကြသည်။ ပထမဆုံး Nipal Virus ကူးစက်ခံရသူတစ်ဦးကို နမူနာအဖြစ် စမ်းသပ်ရန် ဓာတ်ခွဲခန်းတွင် အိပ်မွေ့ချနည်းဖြင့် ရောဂါဇာစ် မြစ်ကို ရှာဖွေလေသည်။ အိပ်မွေ့ချပြီး ပိုးကူးစက်ခံရသူကို မေးမြန်းရာ ပိုးကူးစက်ခံရ သူက "ငါတို့နိုင်တော့မှာ"ဟု တွင်တွင်သာ ပြောနေသည့်အတွက် ကျန်ရောဂါလက္ခဏာများ ရှာဖွေမရဘဲ ဗိုင်းရပ်စ်ပိုးကာကွယ်ကုသရေး ဆေးဝါးဖော်စပ်ရန် လက်လျှော့ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ နီပေါ ဗိုင်းရပ်စ်ကူးစက်ခံရသူများ၏ ဦးနှောက်ကို သိပ္ပံပညာရှင်များ စစ်ဆေးရာတွင်လည်း ဦးနှောက်တွင် စဉ်း စားချင့်ချိန်တတ်သော အစိတ်အပိုင်းများပျောက်ဆုံးနေပြီး လိမ်လည်ခံရမှုကို နှစ်သက်ပျော်ရွှင်နေသော အစိတ် အပိုင်းများသာ ရှင်သန်နေသဖြင့် WHOက "ဂျင်းကြိုက်"ရောဂါဟုသာ အမည်တပ်ပေးနိုင်ခဲ့ပြီး ရောဂါကုသဆေး ကိုတော့ စမ်းသပ်ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုရောဂါပိုးကူးစက်ခံရသူများ၏ ဦးနှောက်ကို ထုတ်ကာ နှောင်းလူများ လေ့လာနိုင်ရန် ကမ္ဘာ ကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း၏ ဦးနှောက်အနီးတွင် ယှဉ်တွဲပြသထားပြီး ကမ္ဘာ့ဉာဏ်ရည်အ မြင့်ဆုံး လူသားဦးနှောက်နှင့် ကမ္ဘာ့ဉာဏ်ရည်အနိမ့်ဆုံး ဦးနှောက်အဖြစ် ယှဉ်တွဲပြသခဲ့သည်။ သို့သော် ပြသချိန် သိပ်မကြာလိုက်ဘဲ ပြတိုက်တာဝန်ရှိသူများက ဦးနှောက်နှစ်လုံးကို သီးခြားခွဲ လိုက်ရသည်။ အကြောင်းအရင်းကို တိတိကျကျ မထုတ်ပြန်သော်လည်း အတွင်းသတင်းများအရ အိုင်းစတိုင်း ဦးနှောက်ကိုပါ Nipal Virus ကူးစက်ခံခဲ့ရပြီး ယခင်က ဖော်မြူလာပေါင်းစုံ ထုတ်နိုင်သည့် ဦးနှောက် ကြီးမှာ "အဆုံးသတ်နှစ်ကို နှစ်နဲ့မြှောက်ရင် ငါတို့နိုင်ပြီ"ဟူသော အီကွေးရှင်းများကိုသာ ထုတ်နေခြင်း ကြောင့်ဟု ဆိုကြသည်။
ကျားဖျန့်ဟူသော ငွေလိမ်ဂိုဏ်းကြီးများမှာ အရင်းအနှီးကြီးလှပြီး ဝန်ထမ်းအင်အား၊ အခြေခံ အဆောက်အအုံများစွာ လိုအပ်သော်လည်း ကျားပန်ဂိုဏ်းကြီးကတော့ လက်တစ်ဖက်ပင် မပြည့်သည့် လူအရေအတွက်ဖြင့် ကမ္ဘာကြီးကို ပတ်လိမ်နေခြင်းဖြစ်သည်။ ကျားပန်ဂိုဏ်းက ကနဦး အမေရိကန်နိုင်ငံကြီးကိုလိမ်ရာ အမေရိကားလူလည်ကြီးများ သုံးနှစ်လောက် အလိမ်ခံခဲ့ရပြီး ဒေါ်လာသန်းချီ ကုန်ခဲ့ကြသည်။ ထိုနောက် တရုတ်ဘက်သို့ ခြေဆန့်ကာ လိမ်ဖို့ကြိုးစားနေ ကြဆဲဖြစ်သည်။ ကျားပန်ဂိုဏ်း၏ သင်္ကေတမှာ တစ်ဦးနှင့်တစ်ဦး လက်သုံးချောင်းထောင်ကာ နှုတ်ဆက်လေ့ရှိပြီး ငွေလိုရင်လည်းလက်သုံးချောင်းထောင် သင်္ကေတပြကာ လိမ်ကြလေသည်။ တစ်ခါတလေ ဂိုဏ်းသား များမှ စားရေးသားထားသော ပုဆိုးတွေ၊ ထဘီတွေလှန်ပြကာ ငွေလိမ်လေ့ရှိသည်။ မည်သို့ပင်လိမ်လိမ် ကျေကျေနပ်နပ် အလိမ်ခံမည့် Nipal Virus ကူးစက်ခံရသူများက အဆင် သင့်ရှိနေတာကြောင်း ကျားပန်ဂိုဏ်းကို ဖမ်းဆီးရမိရေး အင်တာပိုလ် အခက်တွေ့နေတာ ဖြစ်သည်။
ထူးမြတ်
( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၅၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)