အံ့သြဖွယ် ဗိသုကာလက်ရာများနဲ့ သာသနာ့အောင်လံ ထူနိုင်ခဲ့ပြီ

၂၀၂၃ ဇူလိုင် ၂၈

 "နေပြည်တော်ကိုလာဖို့ လုံးဝမမေ့လိုက်ပါနဲ့။ ကျွန်တော် အာမခံနိုင်တာကတော့ မာရ၀ိဇယ ဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးကို ဖူးမြော်လိုက်ရင် အံ့သြသွားစေရမယ်"အထက်ပါ စကားကိုပြောသူက နစကသတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြစ်၏။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထားပူဇော် ထားသည့် မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရ၀ဏ်အတွင်း ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်း၊ ပြည်ပသတင်းသမား များနှင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ တာဝန်ရှိသူများကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ စိတ်ထဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်း အပြောကြီး လှချည်လားဟု ထင်လိုက်မိသေး၏။ သို့သော် ရှင်းလင်း တင်ပြချက်များကို နားထောင်ပြီး ကိုယ်တိုင်လေ့လာမိ သည့်အချိန်တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာ မလွန် ပါလားဟု စိတ်ထဲက တွေးလိုက်မိသည်။

တည်ထားကိုးကွယ်ခြင်း ရည်ရွယ်ချက်
 ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ် ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံး  ဖြစ်လာမည့် မာရ၀ိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်း လင်းပြောကြားရာ၌ မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာ သနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှု အား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော် ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ မှုဖြစ်စေရန် စသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် တည် ထားကိုးကွယ်ခဲ့မှု၊ ကျောက်တုံးတော်ကြီးများ တူးဖော် ခြင်း လုပ်ငန်းကို စနစ်တကျဖြင့် အဆင့်ဆင့်ဆောင်ရွက် ခဲ့မှု၊ ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ် ရန် ဆောင်ရွက်ခဲ့မှု၊ ရုပ်ပွားတော်ကြီး ထုဆစ်မည့် ဆင်း တုတော် အပိုင်းများနှင့် ပလ’င်တော်အပိုင်း ကျောက်တုံး တော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့် ပင့်ဆောင်ခဲ့မှု၊  ကမ္ဘာ့အလေးချိန်အများဆုံး ရေလမ်းခရီး သယ်ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ် ဆောင်မှုဖြစ်ခဲ့သည့် အခြေအနေများ၊ မာရ၀ိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီး အဆင့်ဆင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရ၀ိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရေးလုပ် ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူဆောင်ရွက်ခဲ့မှု၊  သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ သြ၀ါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို  ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များ ပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက်လျက်ရှိမှု၊ မုစလိန္ဒာနဂါးရုံ ဘုရားတည်ထားရာတွင်လည်း သြ၀ါဒါစရိယ ဆရာတော်ကြီး များ၏ သြ၀ါဒခံယူလျက် ၀ိနည်းမဟာဝါ ပါဠိတော်၊ ၀ိနည်း မဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသ အဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌကထာ စသည့် ပိဋကတ်တော်လာ အဆိုများနှင့် မဟာဗုဒ္ဓ၀င် ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာ တည်ထားကိုး ကွယ်ခဲ့မှု၊ ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ် ရန်နှင့် Table များဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ မာရ၀ိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့မှု၊ ပလ’င်တော်အပိုင်းများကို အဆင့်ဆင့်တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်း များ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ မာရ၀ိဇယ ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ အဆင့်ဆင့်တိုးတက်လာမှုမှတ်တမ်းများ၊ ဘုရားဖူးလာ ပြည်သူများ အနားယူနိုင်ရန်အတွက် သုဓမ္မာဇရပ်များ တည် ဆောက်ထားရှိမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်းများအလိုက် CNC စက်ဖြင့် အဆင့်ဆင့် ထုဆစ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို နားထောင်ခွင့်ရခဲ့သည်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားခဲ့သော နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်၍ အများ ပြောနေကြသကဲ့သို့ မဟုတ်ဘဲ တပ်မတော်က ကြိုတင် ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
 အဆိုပါစကားကို နေပြည်တော်တွင် ပြုလုပ်သည့် မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ထားသည့် အခြေအနေနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ ခြင်း ဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံက ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီလ ၁ ရက်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒါကို သတိထားမိအောင် ပြောခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက တချို့သော မီဒီယာတွေ၊ တချို့သောနိုင်ငံတွေအနေနဲ့ တပ်မတော်အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေး အလှည့်အပြောင်းပေါ့နော်။ တပ်မတော်ကနေ ကြိုတင်စီစဉ်ခဲ့တာ။ တပ်မတော်ကနေ အများကြီး ပလန်ချပြီးလုပ်တယ်လို့ ပြောတယ်။ အမှန်တော့ ကျွန်တော်တို့က ဒီအလုပ် (မာရ၀ိဇယ ဆင်းတုတော် တည်ထားရန်) နဲ့ပဲ ရှုပ်နေတာ။ ၂၅ ရက်မှာ ကျွန်တော်တို့ သယ်ခဲ့တာ။ ဘယ်လောက် ပမာဏအထိ သယ်ရတယ်။ ဘယ်လောက်ပမာဏအထိ လုပ်ရတယ်ဆို တာကို ပုံတွေလည်း မြင်ပြီးဖြစ်ပါတယ်။ အားလုံးသည် ဒီအလုပ်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ နိုင်ငံရေးအပြောင်းအလဲကို ကြိုတင်ပြင်ဆင်ထား တာ မရှိဘူး"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

မာရ၀ိဇယ၏ အစ
      ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၃ ခုနှစ် တွင် Angelo Mining Co. Ltd. မှ ၎င်းထံသို့ လှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးအား တပ်မတော်မှ ဦးဆောင်ပြီး ဘုရားတည်ထားရန် လွှဲအပ်ချက်အရ တပ်မတော်က အောက်တိုဘာလမှစတင်၍ လေ့လာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာအခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီးအားတူးဖော်၍ X-Ray ရိုက် စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ ထွက်ပေါ်လာသည့် ကျောက်တုံး တော်ကြီးကို အကြမ်းထည်ပုံဖော် ကြည့်ရှုရာ၌ အချို့ ကျောက်သားများနေရာတွင် လိုအပ်ချက်တွေ ရှိနေသောကြောင့် ကျောက်သားများ ထပ်မံထည့်သွင်းရန် စီစဉ်ခဲ့ ကြောင်း သိရှိခဲ့ရပါသည်။ ရုပ်ပွားတော်မြတ်ကြီးသည် ဥာဏ်တော်အမြင့် ၆၃ ပေ၊ ပလင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့် ဆောင်မည်ဖြစ်သည်။
မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအ၀င် ကျောက်စာရုံစေတီ၊ မာရ၀ိဇယကျောင်းတော်၊ သာသနာ့ဗိမာန်တော်ကြီး (သိမ်တော်ကြီး)၊ သံဃာနား နေဆောင်၊ သုဓမ္မာဇရပ်၊ မုစလိန္ဒာအိုင်၊ နဂါးရုံဘုရားများ၊ မဟာရံတံတိုင်း၊ မော်ကွန်းတိုက်၊ အ၀င်မုခ်ဦး၊ ရွေ့လျားစက်လှေကားနှင့် ဂေါပကရုံးတို့ကိုလည်း ပိဋကတ်တော် လာ အဆိုအမိန့်များနှင့် မဟာဗုဒ္ဓ၀င်ကျမ်းဂန်တော်များ နှင့်အညီ ပြည်စုံစွာ တည်ထားကိုးကွယ်ခဲ့သည်ကိုလည်း ကြည်းနူးအံ့သြဖွယ် တွေ့မြင်ခဲ့ရပါသည်။


ကျောက်စာရုံစေတီများ တည်ထားကိုးကွယ်မှု

   ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရ၀ိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ် သုံးပုံကျမ်း စာများကိုပါ တစ်ပါတည်းဖူးမြော်နိုင်ရေး၊ ခေတ်အဆက် ဆက် မှတ်တမ်းကျန်ရှိစေရေး ရည်ရွယ်ပြီး ကျောက်စာ ရုံစေတီများကိုပါ တည်ထားကိုးကွယ်ထားသည်ကို တွေ့မြင်ခဲ့ရပါသည်။ ပိဋကတ်သုံးပုံပါဠိတော်၊ အဋ္ဌကထာဋီ ကာ ကျမ်းစာများသည် ယခင်က မြန်မာအက္ခရာဖြင့်သာ ရှိခဲ့သဖြင့် ကမ္ဘာ၌ ပိုမိုတွင်ကျယ်စေရေးတို့ကို ရည်ရွယ် ပြီး နိုင်ငံတော်သြ၀ါဒါစရိယ ဆရာတော်ကြီးငါးပါးက ကြီးကြပ်ကွပ်ကဲ၍ Romanize Language ဖြင့်ပါ ကျောက်စာ ရေးထိုးနိုင်ခဲ့သည့်အပြင် ပုံနှိပ်ထုတ်ဝေနိုင် သည်အထိပါ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ကျောက်စာရုံ စေတီများတည်ထားရာတွင် ယူနက်စကိုကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ၀င်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန်ကုသိုလ်တော် ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများ ပုံစံတူတည်ဆောက်ခဲ့သော်လည်း အရွယ်အစားနှင့် ကျောက်စာချပ်အရေအတွက် ပိုများ သည်ကို လေ့လာခွင့်ရခဲ့သည်။

  ယခုမာရ၀ိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာမူရာ ရှေ့တူရူအရပ်တွင် မြတ်ဗုဒ္ဓ၏ သာသနာတော်သုံးရပ်ဖြစ်သည့် ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူ ဖြစ်သည့် ပိဋကတ်ဓမ္မ ကျမ်းစာကျောက်ချပ်ရေ ၁၄၄၀ နှင့် ပင်မကျောက်စာစေတီတွင် မော်ကွန်းကျောက်စာလေးချပ်၊ စုစုပေါင်း ၁၄၄၄ ချပ်ရှိကြောင်း သိရှိရပါသည်။


သစ်ပင်ပန်းမန်စိုက်ပျိုးထားရှိမှု၊ မင်္ဂလာတံတားနှင့် သာ သနာ့ဗိမာန်တော်ကြီးများ တည်ဆောက်ထားရှိမှုအခြေအနေ
   ၎င်းအပြင် ဥယျာဉ်တော်ကြီးအတွင်း ရာသီမ ရွေးသာယာလှပစေရေးအတွက် ကျည်းပင်၊ အိန္ဒိယ နိုင်ငံမှရရှိထားသည့် ဗောဓိညောင်ပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များ၊ လင်းလွန်းတောအုပ်၊ ကံ့ကော်ပင် ၁၀၀၀ စသည့် သစ်ပင်ပန်းမန်များ စိုက်ပျိုးထားပြီး ပြည်သူအများ မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စိတ် လက်ကြည်လင်စွာဖြင့် ဖူးမြော်နိုင်တော့မည်ဖြစ်သည်။ မာရ၀ိဇယ ဥယျာဉ်တော်အတွင်းရှိ သဘာဝချောင်းကို ချောင်းဖြောင့် ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး မန္တလေး ရတနာပုံခေတ် မင်္ဂလာတံတားပုံစံအတိုင်း တည်ဆောက် ထားတာကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ၎င်းင်းအပြင် ဆဋ္ဌသင်္ဂါယနာတင်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော် ကြီးကဲ့သို့သော သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ ကျင်းပနိုင်သည့် အင်္ဂဂါဓိပတိ ၀ိသုံဂါမ သာသနာ့ ဗိမာန်တော်ကြီး တစ်ခုကိုလည်း သုဓမ္မာဇရပ်များနှင့်အပြိုင် တည်ဆောက်ထားရှိပြီး သံဃာအပါး ၉၀၀၊ လူ ပရိသတ် ၁၂၀၀ ဖြင့် စုစုပေါင်း ၂၁၀၀ ၀င်ဆံ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် သာသာနာ့ဗိမာန်တော်ကြီးရှိ နောင်တော်ကြီး ရုပ်ပွားတော်နှင့်ပတ်သက်၍ တာဝန်ရှိ သူများက ရှင်းလင်းပြောကြားရာတွင် ဆင်းတုတော် ကြီးထုဆစ်ရာ၌ ဦးစွာ ကိုးပေအရွယ်ရှိ ကျောက်ဆစ်ရုပ် ပွားတော်ကို နမူနာထုဆစ်ခဲ့ပြီး ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း ကြားသိခဲ့ရ ပါသည်။ "ဒီသိမ်တော်ကြီးထဲ ဆင်းတုတော်က မာရ၀ိဇယဘုရားကြီးအတွက် ပုံကြမ်းယူဖို့ ထုတ်လုပ်ခဲ့တဲ့ နောင် တော်ကြီး ရုပ်ပွားတော်ပါ။ ပုံစံတူပေမယ့် မာရ၀ိဇယရုပ် ပွားတော်မြတ်ကြီးမှာ ဥဏ္ဏလုံမွေရှင်တော်ပါပြီး ဒီရုပ်ပွား မှာတော်တော့ မပါပါဘူး။ ဒီ သာသနာ့ဗိမာန်ထဲမှာရှိတဲ့ ယွန်းပန်းချီကားတစ်ချပ်ကို ဆွဲခချည်းပဲ တစ်ပုံကို ၁၅ သိန်းပေးရပါတယ်။ မြန်မာ့အနုပညာစစ်စစ်တွေကိုပဲ အသုံးပြုထားပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
 သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် အလယ်ဗဟိုကျောက်စာရုံစေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေ ရှိပြီး အခြားကျောက်စာရုံစေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၃ ပေ ၉ လက်မ ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ပြီး ပါဠိနှင့် ရိုမန်ဘာသာများဖြင့် ပိဋကတ်ကျမ်းစာတော်များကို ရေးထိုးပူ ဇော်ထားသည်ကို တွေ့မြင်ခဲ့ရပါသည်။
    ဘုရားဖူးလာမိဘပြည်သူများအပြင် နိုင်ငံတ ကာလေ့လာသူများပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာ ရောက်ဖူးမြော်ရာတွင် ကျောက်စာရုံစေတီများအတွင်းရှိ ဘုရားဟော ဒေသနာတော်များကို ပါဠိနှင့် ရိုမန်ဘာသာ များဖြင့် ပြည့်စုံစွာ ကြည်ညိုလေ့လာနိုင်ရေး စီမံဆောင် ရွက်ထားကြောင်း တွေ့ရှိရသည်။
  ကျောက်စာရုံဘုရားများအလယ်မှ မာရ၀ိဇယ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရသည့်မြင်ကွင်းမှာ တစ်သက်မမေ့နိုင်စရာ မြင်ကွင်းဖြစ်ပါသည်။

သုဓမ္မာဇရပ်များနဲ့ အောင်မြေ
      ဘုရားကြီးပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုချိန်တွင် သုဓမ္မာဇရပ်များ၊ ကျောက်စာရုံ စေတီတော်များ၊ ရေပန်းကြီး၊ ရေပန်းငယ်များဖြင့် တင့်တယ်ဝေဆာလျက် ရှိပြီး ဘုရားဖူးရာ လမ်းတစ်လျှောက် မြတ်ဗုဒ္ဓအရိပ်အာ ၀ါသ၏ အေးမြမှု၊ စကျင်ကျောက်၏ အေးမြမှုများ ကြောင့် ဘုရားဖူး သတင်းသမား မိတ်ဆွေများ၏ စိတ်အ စဉ်ကို အေးမြကြည်လင်စေလျက်ရှိပါသည်။ သုဓမ္မာဇရပ် များသည် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက် ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ်ထားခြင်းဖြစ်သည်။ထို့အပြင် ဘုရားပေါ်ရှိ မဟာအောင်မြေမှာလည်း မြန်မာ ပြည်အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားအဆူဆူတို့၏ သမိုင်း ၀င်အောင်မြေများမှရရှိသော အောင်မြေများအားလုံးကို စုစည်းထားသဖြင့် အလွန်ထူးခြားသော အောင်မြေအဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။ မာရ၀ိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ သွားရောက်ဖူး မြော်ရာ၌ အသက်အရွယ်ကြီးရင့်သူ အဘိုးအဘွားများ၊ နာမကျန်းသူများ၊ လမ်းလျှောက်ရန် ခက်ခဲသူများပင် အမိုးအကာရှိသော စက်လှေကားဖြင့် သက်သောင့် သက်သာ စီးနင်းလိုက်ပါနိုင်သည့်အတွက် အသက်အ ရွယ်မရွေး စိတ်ဆန္ဒရှိတိုင်း ဖူးမြော်ကြည်ညို နိုင်ရေး ဘက်ပေါင်းစုံမှ စဉ်းစားတည်ဆောက်ထားသည့် စေတနာကို အထင်အရှား တွေ့ရှိခဲ့ရပါသည်။
 နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး ဘုရားဒါယကာ အဖြစ် တည်ထားကိုးကွယ်လျက်ရှိသော မာရ၀ိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပြီး သြဂုတ် ၁ ရက်(ဒုတိယ၀ါဆိုလပြည့်၊ ဓမ္မစကြာအခါ တော်နေ့) မှစ၍ အများပြည်သူ ၀င်ရောက် ဖူးမြော်နိုင်မည်ဖြစ်သည်။

   မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့မှုနှင့် ပတ်သက်သည့် မီဒီယာရှင်းလင်း ပွဲကို ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ရှင်းလင်းဆောင်၌ ကျင်းပရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
 သြဂုတ်လ ၁ ရက်(ဒုတိယ၀ါဆိုလပြည့်နေ့)တွင်ဗုဒ္ဓါဘိသေကအနေကစာတင် ပူဇော်ပြီးနောက်ပိုင်း အများပြည်သူ ၀င်ရောက်ဖူးမြော်နိုင်မည်ဖြစ်ပြီး သြဂုတ် ၁ ရက်မှ ၁၆ ရက်အထိ အခမဲ့ ၀င်ရောက်ဖူးမြော်နိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် သင်တင့်သည့် ၀င်ကြေးကောက် ခံ၍ ဖူးမြော်ခွင့် ပြုရန်စီစဉ်ထားကြောင်း သိရသည်။
    "သြဂုတ် ၁ရက် အနေကဇာတင် အခမ်းအနား ပြီးတာနဲ့ အများပြည်သူကို ၀င်ရောက်ဖူးမြော်လေ့လာခွင့် ပြုမှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
    မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားသို့ ပြည်တွင်းမှ မဟနဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်း/မြို့နယ် သံဃနာယကများ၊ တိပိဋကဓရ ဆရာတော်များ၊ သာသနာပိုင်ဆရာတော် များနှင့် မာရ၀ိဇယ သြ၀ါဒါဆရာတော်များ ပါဝင်သည့် ဆရာတော် သံဃာတော်များ၊ ပြည်ပနိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ရုရှား၊ သီရိ လင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ တရုတ်နိုင်ငံတို့မှ ဆရာတော် သံဃာတော်များ စုစုပေါင်း သံဃာအပါး ၉၀၀ အား ပင့် ဖိတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင် ရွက်ခြင်းမဟုတ်ဘဲ ခုနစ်ရက်သားသမီး ရဟန်းရှင်လူ ပြည်သူများ၏ အလှူငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း   ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။  
 အဆိုပါလုပ်ငန်းရှင်များက ဇွန်လ ၂၉ ရက် တွင် ကျင်းပခဲ့သည့် မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသ ခြင်းအခမ်းအနားတွင် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
 မာရ၀ိဇယဗုဒ္ဓရုပ်ပွားတော်ကြီးမြတ်ကြီး အ တွက်ပမာဏအများဆုံး လှူဒါန်းမှုများအနေဖြင့် ဇွန်လ ၂၉ ရက်တွင် စီးပွားရေးလုပ်ငန်းရှင်များအပါအ၀င် အလှူရှင် ၁၀၁ ဦးတို့ပါဝင်ပြီး အလှူငွေစုစုပေါင်း ကျပ် ၁၆ ဒသမ ၁၇၇ ဘီလီယံနှင့် ဇူလိုင် ၂၃ ရက်တွင် အလှူ ရှင် ၃၇၇ဦးက အလှူငွေစုစုပေါင်း ကျပ် ၁၇ ဒသမ ၄၁၅ ဘီလီယံလှူခဲ့မှုက အများပြည်သူလှူဒါန်းမှုဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း အကောင်းဆုံးသာဓကပင်ဖြစ်ပါ သည်။
    ရုပ်ပွားတော်မြတ်ကြီး တည်ထားရာတွင် နေ ပြည်တော်နှင့် အနီးတစ်ဝိုက် အမြင့်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိရန်၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလေတိုက်နှုန်း ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်း၏ လေတိုက်နှုန်းတစ်နာရီ မိုင် ၁၂၀ နှုန်းကို ခံနိုင်ရည်ရှိစေ ရန်တွက်ဆ၍ အဆင့်မြင့်နည်းပညာများ အသုံးပြုကာ တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်းနှင့် မိုးကြိုးစက်ကွင်းမှ လွတ်ကင်းရန်အတွက် မိုးကြိုးလွှဲတိုင်ကြီးနှစ်ခု တပ်ဆင်ထားကြောင်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။
မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ် ပူဇော်မည့် စကျင်ကျောက်တုံးတော်ကို အပိုင်းလေးပိုင်း ခွဲ၍ သယ်ယူခဲ့ရာတွင် ကမ္ဘာပေါ်၌ အလေးချိန်အများဆုံး ရွှေ့ပြောင်းသယ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မာရ၀ိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်း သတင်းစာရှင်းလင်းပွဲကို TREND News ဂျာနယ် Facebook တွင် Live ထုတ်လွှင့်ခဲ့ရာ ကြည့်ရှုသူများပြားခဲ့ပြီး လာရောက်ဖူးမြော်ချင်ကြောင်း မှတ်ချက် ရေးသားကြသည်ကို ကြည်နူးဖွယ် တွေ့မြင်ရပါသည်။ မြန်မာတွင်သာမက ကမ္ဘာပေါ်ရှိ စကျင်ကျောက်ဖြင့် ထုလုပ်သော ရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့် ဆုံးဖြစ်သည့် မာရ၀ိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ရင်း တရားထူး၊ တရားမြတ်များ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။


 ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု

TREND News ဂျာနယ်အတွဲ ၂ ၊ အမှတ် (၂၇)
 

 

Total Views ~ 366

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42830

© 2022 - 2025 News. All Rights Reserved.