NCA သွေဖည်သူတို့ သွားရာလမ်း

2023 နိုဝင်ဘာ ၁၂

လက်ရှိ လက်နက်ကိုင်တိုက်ပွဲများနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးနှင့် ​ဝေဖန်​လေကန်​နေကြတာ အွန်လိုင်း​ပေါ်မှာ မမြင်ချင်အဆုံးပါ။ အထူးသဖြင့် မစားရဝခမန်းတင်​နေသူများက တပ်မ​တော်မုန်းတီး​ရေးသမားများ၊ လက်ရှိ NUG ၏​ဆောင်ရွက်ချက်များကိုသံ​ယောင်လိုက်​နေသူများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ဝါဒဖြန့်တာဝန်ခံများပဲဖြစ်ကြပါသည်။ လက်ရှိလက်နက်ကိုင်တိုက်ပွဲများဆင်နွှဲနေကြသည့် NUG ၊ PDF နှင့် အဖွဲ့အသီးသီးတို့၏​ဆောင်ရွက်ချက်ကိုကြည့်လျှင် တစ်ဖက်က ​မြေပြင်တိုက်ပွဲများဆင်နွှဲ​နေပြီး တစ်ဖက်က အွန်လိုင်း​ပေါ်မှ ​လေတိုက်ပွဲများဆင်နွှဲ​နေသည်ကို​တွေ့ရမှာဖြစ်ပါသည်။ တချိူ့ကိစ္စရပ်များတွင် တစ်စိတ်ကို တစ်အိတ်မက ချဲ့ကား​ပြောဆို​နေကြသည်ကိုလည်း​တွေ့ရပါသည်။

ယခုရက်ပိုင်းအတွင်းရှမ်းပြည်​နယ် မြောက်ပိုင်း​ဒေသမှာဖြစ်ပွား​နေသည့်အခြေအ​နေ၏အစဟာ ​MNDAA ၊ TNLA နှင့် AA တို့ပူး​ပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က စတင်ခဲ့ခြင်းပဲဖြစ်ပါသည်။ သူတို့ပူး​ပေါင်း​ဆောင်ရွက်သည့် စစ်ဆင်​ရေးကို ၁၀၂၇ စစ်ဆင်​ရေးလို့လည်းအမည်​ပေးထားပါသည်။ ယခင်ဗကပလမ်းစဥ်အတိုင်း ​အောက်တိုဘာလ ၂၇ ရက်​နေ့မှာစတင်ခဲ့တာကို အမည်သတ်မှတ်​ပေးထားခြင်းပဲဖြစ်ပါသည်။ စတင်ချိန်က တရုတ်နိုင်ငံအစိုးရ အလိုရှိ​နေသည့် ကျားဖြန့်​ ခေါ် ​​လောင်ကစားနှင့် အွန်လိုင်း ​ငွေလိမ်လည်မှုလုပ်ငန်းများ​ဆောင်ရွက်​နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံအစိုးရက ထိထိ​ရောက်​​ရောက်ဖမ်းဆီး​ပေးခြင်းမရှိသည့်အတွက် ဟူ၍အ​ကြောင်းပြခဲ့ကြတာ​တွေ့ရမှာဖြစ်ပါသည်။

ရက်ပိုင်းအတွင်းမှာပဲ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းအတွင်းမှာ KIA ၊ KNU ၊CNF ၊ ABSDF နှင့် PDF တို့က တိုက်ပွဲများ ​လုပ်လာခဲ့ကြပါသည်။ အထူးသဖြင့် တပ်မ​တော်နှင့် ရဲတပ်ဖွဲ့အင်အားနည်းသည့် စခန်းငယ်​လေး​တွေကိုတိုက်ခိုက်ခြင်း၊ တချို့မြို့​တွေမှာ ခံစစ်ယူထားသည့်တပ်စခန်းများကိုထိန်းချုပ်ထားပြီးမြို့တွင်းသို့ဝင်​ရောက်မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြတာပဲဖြစ်ပါသည်။ ထိုသို့​​ဆောင်ရွက်ခြင်းကို ​အောင်ပွဲအဖြစ် တပ်မ​တော်ကျရှုံး​နေသ​ယောင် အွန်လိုင်း​ပေါ်မှာဝါဒ ဖြန့်​ နေကြသည်ကိုလည်း​တွေ့ရမှာဖြစ်ပါသည်။

ထိုသို့ KIA၊ KNU၊ ABSDF၊ CNF နှင့် PDF အဖွဲ့များက တိုက်ခိုက်မှုများပြုပြီး​နောက်မှာ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ​လေသံ​ပြောင်းသွားတာကိုသတိထားမိမှာဖြစ်ပါသည်။ NUG နှင့် ပူး​ပေါင်းပြီး ​နွေးဦး​တော်လှန်​ရေး​အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုဆိုထားသည်ကို​တွေ့ရပါသည်။ ​ တရုတ်နိုင်ငံမှ တာဝန်ရှိအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လာ​ရောက်ပြီး နယ်စပ်​ဒေသလုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေးလုပ်ငန်းများအတူတကွ​ပေါင်းစည်း​ဆောင်ရွက်ရန်​ဆွေး​နွေးသ​ဘောတူပြီး​နောက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ NUG ကာဗာ ရယူသွားသည့်သ​ဘောလို့ယူဆရပါသည်။

​မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာပါသည့် အဖွဲ့အသီးသီး၏ ဇစ်မြစ်ကိုပြန့်ကြည့်လျှင် MNDAA သည် ဝ နှင့် မိုင်းလား အဖွဲ့များနှင့် ပိုမိုနီးစပ်ပြီး KIA နှင့် လည်း မဟာမိတ်ဟူ၍ဆိုနိုင်ပါသည်။ TNLA နှင့် AA အဖွဲ့များက​တော့ လုံးလုံး လျားလျား KIA ၏ လက်အောက်ခံတပည့် အဖွဲ့အစည်းများဟူ၍ဆိုရ​ပေလိမ့်မည်။ သူတို့ကို စတင်ဖွဲ့စည်း​ပေးပြီးကြီးထွားလာသည်အထိ ဖန်တီး​ပေးခဲ့တာ KIA ပဲဖြစ်ပါသည်။ သတိထားမိသည်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များတွင် သဘာဝတစ်ခုရှိပါသည်။ အ​ကြောင်းအမျိုးမျိုး​ကြောင့်ကိုယ်တိုင်လက်နက်ကိုင်လမ်းစဥ်​နောက်ကိုလိုက်ခဲ့​သည်ကို ကျန်တိုင်းရင်းသားများလက်နက်ကိုင်လမ်းစဥ်​နောက်လိုက်​စေရန် ​သွေးခွဲ​၊မြှောက်ပင့်​ပေးရုံမက စစ်ပညာနှင့် လက်နက်များပင်တတ်ဆင်​ပေးခဲ့ကြခြင်းပဲဖြစ်ပါသည်။

၁၉၄၉ ခုနှစ်တွင် ကရင်လူမျိုးများ လက်နက်ကိုင်လမ်းစဥ်​နောက်လိုက်ချိန်မှာ ကချင်လက်နက်ကိုင်အဖွဲ့မရှိ​သေးပါ။ ၁၉၄၇ခုနှစ်ပင်လုံညီလာခံမှာ ကချင်လူမျိုး​ခေါင်း​ဆောင် ဒူဝါများက ပြည်နယ်တောင်းဆိုပြီး ပြည်နယ်ရရှိခဲ့သည့်အတွက် ပြည်​​ထောင်စုအတွင်းကခွဲမထွက်ပါဟူ၍ ကတိကဝတ်ပြုခဲ့​ကြပေသည်။ ထိုအချိန်မှာ ​စောဘဦးကြီးက သူတို့​တော်လှန်​​တော့မည်ဖြစ်သည့်အတွက် သူတို့နှင့်ပူး​ပေါင်းရန် ဆမားဒူဝါ ဆင်ဝါး​နောင်ကို စည်းရုံးခဲ့ပါသည်။ ဆမားဒူဝါကြီးက ဝန်ကြီးချုပ်ဦးနုကိုသတင်းပို့ခဲ့သည့်အတွက် ဦးနုက ​စောဘဦးကြီးနှင့် ကရင်​​ခေါင်း​ဆောင်များကို ​ခေါ်ယူ​ဖြောင်းဖျစည်းရုံးခဲ့ပါ​သေးသည်။ သို့​သော်အချည်းအနှီးသာဖြစ်ခဲ့ရပါသည်။

တပ်မ​တော်အတွင်းရှိ ကရင်​​သေနတ်ကိုင်တပ်ရင်း​တွေ​တောခိုစဥ်မှာ ကချင်​​သေနတ်ကိုင်တပ်ရင်းများ​တောမခိုခဲ့ပါ။ သို့​သော် ကချင်​သေနတ်ကိုင်တပ်ရင်းမှ ဗိုလ်ကြီး​နော်ဆိုင်းဦးစီး အင်အားအချို့ KNDO နှင့်ပူး​ပေါင်းခဲ့ကြပါသည်။ထိုအချိန်အထိလည်း KIA မ​ပေါ်​သေးပါ။ ​KNDO အ​နေဖြင့်နယ်​မြေစိုးမိုးသိမ်းပိုက်ထားနိုင်​ရေး မြန်မာနိုင်ငံ​နေရာအနှံ့မှာအင်အားဖြန့်ခွဲထားရှိခဲ့ပါသည်။ နော်ဆိုင်းနှင့် အဖွဲ့ကို ရှမ်းပြည်​မြောက်ပိုင်းသို့​စေလွှတ်ခဲ့ရာ ကချင် လူငယ် ​ဇော်မိုင်သည် ​နော်ဆိုင်းအဖွဲ့တွင်ပူး​ပေါင်းပါဝင်ခဲ့ရာမှ KIA လမ်းစ​ပေါ်​ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ​နောက်ပိုင်းမှာ ​နော်ဆိုင်းက ဗကပနှင့် ပူး​ပေါင်းခဲ့ပြီး ​​ဇော်မိုင်က KNU မှာကျန်​နေခဲ့ပါသည်။ KNU က ​ဇော်မိုင်ကို ဦး​ဆောင်​စေပြီး KIA အဖြစ်ဖွဲ့စည်း ကူညီ​ပေးခဲ့ခြင်းဖြစ်ပါသည်။ တိုင်းရင်းသားလက်နင်ကိုင်အင်အားစုများကြီးထွားလာ​စေပြီးဗဟိုအစိုးရအကြပ်တည်းဖြစ်၊ သူတို့လိုချင်တာရဆိုသည့်သ​ဘောထားပဲဖြစ်ပါသည်။ ထွန်းမြတ်နိုင်၏ AA သည်လည်း မူလအစက KNU က ဖွဲ့စည်းသင်ကြား​ပေးခဲ့တာပါ။ ရခိုင်ပြည်နယ်မှာပြန်လည်အ​ခြေချခဲ့ကြ​ပေမဲ့ အဆင်မ​ပြေသည့်အတွက် KIA ဆီ​ရောက်သွားခဲ့ခြင်းပဲဖြစ်ပါသည်။ KIA က ဖားကန့်နှင့် နယ်​မြေအသီးသီးမှာရှိသည့် ရခိုင်လူငယ်​များကို လူသစ်အဖြစ် စု​ဆောင်း၊ စစ်ပညာသင်​၊ လက်နက်တတ်ဆင်ပေးခဲ့သည့်အတွက် ​AA သည် နေ့ချင်းညချင်း ကြီးထွားလာခဲ့ခြင်းဖြစ်ပါသည်။ အလားတူ TNLA ကိုလည်း KIAက ပံ့ပိုး​ပေးခဲ့ပြီး ယခုအခါမှာ လက်နက်ခဲယမ်းအပြင် နယ်​မြေပင်ခွဲ​ပေးခဲ့သည့်အတွက် TNLA တို့အ​နေဖြင့် KIAအလိုကျ ​ဆောင်ရွက်မည့်သ​ဘောသာဖြစ်ပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် နိုင်ငံ​ရေးအ​ခြေအ​နေအရ လက်နက်ကိုင်လမ်းစဥ်​​နောက်လိုက်မည့် လူငယ်​လေး​တွေကို စစ်ပညာသင် လက်နက်တတ်ဆင်​ပေးခဲ့တာလည်း ဒီ KNU နှင့် KIAပဲ မဟုတ်ပါလား။

ယခုအချိန်မှာ ရှမ်းပြည်​မြောက်ပိုင်းတွင်ဖြစ်ပွား​နေသည့် ​မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်​ရေး​ဆောင်ရွက်ချက်များဟာ KIA၏ ပ​ယောဂမကင်းဘူးဟုဆိုနိုင်ပါသည်။ ထို​မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့အင်အားဟာ လက်ရှိဖြစ်ပွား​နေသည့် အင်အား​လောက်မရှိပါ။ ဤမျှအင်အားရှိလာသည်မှာ ​​နောက်ကွယ်က 'ဝ' ၏အကူအညီပါသည်ဟု တချို့က သုံးသပ်​ပြောဆို​နေကြ​ပေမဲ့ မဖြစ်နိုင်ဟုဆိုရပါမည်။ လွန်​​ရောကျွံ​ရောအကူအညီ​ပေးလျှင် လက်နက်ခဲယမ်း​လောက်သာဖြစ်ပါလိမ့်မည်။ သူ့​ဒေသနှင့်မဆိုင်သလို သူနှင့်လည်း မည်သည့်ပြဿနာမှမရှိသည့်အတွက် သူ့လူမျိုးများ၏ အသက်ကို အသားလွတ်စ​တေးမည်မထင်ပါ။ အမှန်တကယ်က KIAစုစည်း​ပေးထားသည့် PDF များနှင့် KIA က လက်နက်တတ်ဆင်​ပေးထားခြင်းသာဖြစ်ပါလိမ့်မည်။ KIA အ​နေဖြင့် ထိုက်သင့်သည့်တန်ဖိုးရှိသည့်လက်နက်များကို အလကား​တော့တတ်ဆင်​ပေးမည်မဟုတ်ပါ။ မည်သည့်​နေရာက ရနိုင်ပါသနည်း။ အ​ဖြေကရှင်းပါသည်။ ယခုချိန်မှာ ​ကြွေး​​ကြော်နေသည့် NUG နှင့် အ​နောက်အုပ်စုက လွဲလို့ တခြားမရှိဘူးဟုဆိုရ​ပေလိမ့်မည်။အလှု​ကောက်ခံသည်ွ​ငွေ​ကြေးနှင့် ​ထောက်ပံ့​ကြေးရသည့်​ငွေ​ကြေးများကဖြစ်ပါလိမ့်မည်။ KIA က​တော့ လိုလားချက်လည်းပြည့် လက်နက်​ရောင်းရ​ငွေလည်းရနှင့်သာသာယာယာဟုဆိုရ​ပေလိမ့်မည်။

မှန်သည်မှားသည် မည်သို့ပင်ဆို​စေ။ ငြင်းမရနိုင်သည့်အ​ခြေအ​နေက KIA၊ KNU ၊ ABSDF၊ CNF နှင့် ​မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့သည့် နိုင်ငံ​တော်နှင့်တပ်မ​တော်က တန်ဖိုးထား ​စောင့်ထိန်းလျှက်ရှိသည့် NCA လမ်း​ကြောင်းမှ ​သွေဖီပြီး အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် NUG၊ PDF တို့နှင့် ပုလင်းတူဗူးစို့ ပူး​ပေါင်း​နေခြင်းပင်ဖြစ်ပါသည်။

ထို့အပြင် ပိုမိုထင်ရှားသည်က ၂၀၂၃ ခုနှစ် ​အောက်တိုဘာလ ၃၁ ရက်​နေ့မှာ NUG တို့ ပြုလုပ်ခဲ့သည့် ၃၄ ကြိမ်​မြောက် အစည်းအ​ဝေးမှာ ​ပြောဆိုခဲ့သည့် လရှီးလ နှင့် မန်းဝင်းခိုင်သန်းတို့၏​ပြောဆိုချက်များပင်ဖြစ်​ပေသည်။မန်းဝင်းခိုင်သန်း၏ မိန့်ခွန်းတွင် "MNDAA၊ TNLA၊ AA တို့နှင့်အတူ ​နွေဦး​တော်လှန်​ရေးက ​မွေးထုတ်​ပေးလိုက်တဲ့ ​တော်လှန်​ရေးအင်အားစု​​တွေ ပူး​ပေါင်း စစ်ဆင်တယ်ဆိုတာ ကျွန်​တော်တို့ ပြည်သူ​တွေ​မျှော်လင့်​နေကြတဲ့ Symbolic လို့​ပြောရမဲ့ ကြီးမားတဲ့ မဟာမိတ်စုဖွဲ့မှု ကို အ​ပြောသက်သက်မဟုတ်၊ အလုပ်နဲ့ သက်​သေပြတာပဲဖြစ်ပါတယ်။"ဟူ၍ ဆိုထားပါသည်။နိုင်ငံတကာကိုရှင်းလင်း​ပြောဆိုရမည်ဆိုလျှင် ဤအချက်သည်အဓိက ကျပါလိမ့်မည်။

ထို့အပြင်လက်ရှိဖြစ်ပွား​နေသည့် တိုက်ပွဲများကို ​အောင်မြင်မှုအဖြစ်သတ်မှတ်ပြီးဂုဏ်ယူ​မြှောက်ပင့်​ပေး​ခဲ့ကြတာကိုလည်း​တွေ့ရပါသည်။ ထိုသို့တိုက်ပွဲများဖြစ်ပွား​​နေသည့်အတွက် ရှမ်း​ပြည်​မြောက်ပိုင်း​​မှာ ပြည်သူများစစ်​ဘေး​ရှောင်​နေရသည်ကိုလည်း ၄င်းတို့၏တာဝန်မဟုတ်ဘဲ တပ်မ​တော်က ​လက်နက်ကြီးပစ်လို့၊ လေ​ကြောင်းတိုက်ခိုက်လို့ဆိုပြီး NUG က ​ကြေညာချက်ထုတ်ပြန်ထားပါ​သေးသည်။ ကိုယ့်လုပ်ရပ်ကိုဖုံးကွယ်ပြီးတာဝန်မယူရဲသူများဟုဆိုရ​ပေလိမ့်မည်။ တည်ငြိမ်​အေးချမ်း​နေသည့် ​ဒေသမှာ စစ်ကိုမည်သူကစတင်​ခေါ်ယူခဲ့ပါသနည်းဟုဆိုလျှင် ထို အကြမ်းဖက်​သောင်းကျန်းသူများမည်သို့​ဖြေမည်မသိ။ N CA ကိုတန်ဖိုးထားပြီး တစ်နှစ်တာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ​ပေးထားသည့် တပ်မ​တော်၏ ​စေတနာကို ခုတုံးလုပ်တိုက်ခိုက်ခဲ့ခြင်းသက်သက်ဟုဆိုရ​ပေလိမ့်မည်။ တပ်စခန်းငယ်​လေး​တွေကိုတိုက်ခိုက်၊ မြို့​​တွေကိုမီးရှို့ဖျက်ဆီး၊တံတား​တွေ​​ဖောက်ခွဲဖျက်ဆီး၊ ရွာ​တွေကို တန်ဆာခံအဖြစ်ထိန်းသိမ်း အ​ခြေပြု​ စသည့်လုပ်ရပ်များဟာ မည်သို့မျှခွင့်လွှတ်နိုင်စရာမရှိသည့်လုပ်ရပ်များပင်ဖြစ်ပါသည်။ ထိုလုပ်ရပ်များကို ဖုံးကွယ်ပြီးတပ်မ​တော်အ​ပေါ် ပုံချ​နေသည့် NUG ၏ လုပ်ရပ်ကို​ဒေသခံပြည်သူ​တွေ သိ​နေကြပြီဖြစ်ပါသည်။ ​မူဆယ်၊ ကွတ်ခိုင်၊လားရှိုး၊ သိန်းနီ၊ ​ကျောက်မဲ၊ ​နောင်ချို​ဒေသမှာရှိသည့် ရှမ်းတိုင်းရင်းသားများနှင့် သာမန်ပြည်သူလူထု၏ သ​ဘောထားများကို NUG ၊ KIA၊ MNDAA၊ TNLA နှင့် AA တို့မသိမရှိပါ။ ​လေထဲက ဝါဒဖြန့် ​ကြေညာချက်ထုတ်ရုံနှင့် ဤအပြစ်များ​ပျောက်သွားမည်မဟုတ်ပါ။

လက်ရှိဖြစ်ပွား​နေသည့် အ​ခြေအ​နေများအရ ပြည်တွင်းတည်ငြိမ်​အေးချမ်း​ရေးအတွက် အစိုးရနှင့် တပ်မ​တော်အ​နေဖြင့် NCA လမ်း​ကြောင်းတစ်ခုတည်းကို ဆုတ်ကိုင်ထား၍မသင့်ဟုမြင်ပါသည်။ NCA ကိုတန်ဖိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကို NCA နည်းလမ်းအတိုင်း တန်ဖိုးထား​နွေး​ထွေးပျူငှာစွာ ဆက်ဆံရမှာဖြစ်သလို NCA ကိုတန်ဖိုးမထားဘဲ ​ထော်​လော်ကန့်လန့်တိုက်၊ အကြမ်းဖက်လုပ်ရပ် နှင့် NCA ကို​သွေဖီ​စေမည့် လုပ်ရပ်များကိုလုပ်​ဆောင်​နေကြသည့်လက်နက်ကိုင်အဖွဲ့များကို​​တော့ အသိတရားပြန်ဝင်လာ​စေ​ရေး ပြတ်ပြတ်သားသား ဆုံးမ မှ သာသင့်​တော်မည်ထင်ပါသည် ။သို့မဟုတ်ပါက ​ပြည်သူများပင်ပန်းဆင်းရဲ​နေကြလိမ့်မည်ဖြစ်ပါသည်။

​ဇော်နိုင်

TREND News ဂျာနယ်၊အတွဲ ၂၊ အမှတ် ၄၂ တွင် ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 429

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31236

© 2022 - 2024 News. All Rights Reserved.