တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးပြီး လေပြင်းတိုက်မယ်လို့ မိုးဇလပြော

 ၂၀၂၃ စက်တင်ဘာ ၂၈

အရှေ့လေပွေလှိုင်းနဲ့ လေဖိအားနည်း ရပ်ဝန်းတို့ကြောင့် လာမည့် စက်တင်ဘာ ၂၈ ရက်နေ့က အောက်တိုဘာ ၃ ရက်နေ့အထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးပြီး လေပြင်းတိုက်မယ်လို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အခု စက်တင်ဘာ ၂၈ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့အတွင်း အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေ လှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် လည်းကောင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်လို့ဆိုပါတယ်။

အဆိုပါ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါတယ် လို့လည်း ပြောပါတယ်။

Total Views ~ 538

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.