ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ

၂၀၂၃ ဩဂုတ် ၉

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၉ ရက်(ယနေ့)နံနက် ၆ နာရီခွဲတွင် တိုင်းထွာချက်အရ ပဲခူးတိုင်းရှိ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည်ဟု သိရသည်။

အဆိုပါ ပဲခူးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း၌ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)ပေခန့်ထပ်မံဖြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရပ်တည်နေမည်ဟု မိုးဇလမှ ယနေ့နံနက် ၇ နာရီကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတွက်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။

Total Views ~ 271

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.