၂၀၂၃ စက်တင်ဘာ ၃၀
မိုင်းယောင်းမြို့အားဗဟိုပြု၍ စက်တင်ဘာ ၃၀ ရက်(ယနေ့)နေ့လည်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ယနေ့နေ့လည် ၃ နာရီ ၅ မိနစ် ၄၈ စက္ကန့်ခန့်က မိုင်းယောင်းမြို့၏ အရှေ့မြောက်ဘက်(၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၃၉)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၈ ဒသမ ၁၆)ဒီဂရီ၊အနက် (၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား နမ့်စန်မြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။