မုတ်သုံလေအားကောင်းနေတာကြောင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ နောက် ၂ရက်အထိ မိုးထစ်ချုန်းရွာမယ်

၂၀၂၃ စက်တင်ဘာ ၂၁

နောက် ၂ရက်အထိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ မိုးထစ်ချုန်းရွာဦးမယ်လို့ မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ ထုတ်ပြန်ထားချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတာဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်-ဩရိဿပြည်နယ်ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ ဂျက်ခန်းပြည်နယ်တောင်ပိုင်းတို့ကို နောက် ၂၄နာရီအတွင်း ဖြတ်ကျော်နိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားတာဖြစ်ပါတယ်။

Total Views ~ 400

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42770

© 2022 - 2025 News. All Rights Reserved.