မုန်တိုင်းကြောင့် ဒီဇင်ဘာပထမပတ်အတွင်း ဒေသအချို့တွင် မိုးများမည်

၂၀၂၃ ၊ နိုဝင်ဘာ ၂၈
    လက်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ် ဝန်းသည် မုန်တိုင်းငယ် (Depression) အဆင့်မှ ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ အားကောင်းလာနိုင်သည့်အတွက် မြန်မာ နိုင်ငံဒေသအချို့တွင် ဒီဇင်ဘာလ ပထမ ပတ်အတွင်း မိုးများမည်ဖြစ်သည်။
    "အခုဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာရှိပါ တယ်။ ဆိုင်ကလုန်းမုန်တိုင်းထိ အားကောင်း မယ့်အနေအထားရှိတယ်။ လမ်းကြောင်းကတော့ ပြောလို့မရသေးဘူး။ မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးရွာနိုင်တာတွေတော့ရှိမှာပါ"ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေမှူး ဦးလှထွန်းပြောသည်။
    လတ်တလော နိုဝင်ဘာ ၂၇ ရက် တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး ပိုမိုအားကောင်းလာကာ နိုဝင်ဘာ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ စတင်ရောက်ရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦး တည်ရွေ့လျားနိုင်ကြောင်း ဆိုသည်။
    "အခု ဒီနိုဝင်ဘာလဆန်းတုန်းကဖြစ်တဲ့ မုန်တိုင်းလိုပဲ သူရဲ့လမ်းကြောင်းက အဲဒီလိုသွားမယ်လို့ မှန်းထားတယ်။ ဘင်္ဂလား ဒေ့ရှ်ဘက်ကိုပေါ့။ အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်ပါတယ်။ ရခိုင်ပြည် နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒီဒေသတွေမှာ ဒီလဆန်းက ဖြစ်ခဲ့တဲ့ မုန်တိုင်းလမ်းကြောင်းအတိုင်း သွားမယ်ဆို ရင် မိုးများနိုင်ပါတယ်"ဟု ဦးလှထွန်းက ပြောသည်။
    ထို့အပြင် ယခုလို ကာလမျိုးတွင် ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းများသည် မြန် မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်လေ့မရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ ဦးတည်ဝင်ရောက် သည်ကများသော်လည်း မုန်းတိုင်းသက် ရောက်မှုကြောင့် ဒီဇင်ဘာလ ပထမပတ်အတွင်း မိုးများနိုင်သည့်အတွက် တောင်သူများ၊ စိုက်ပျိုးရေး လုပ်ကိုင်သူများ သတိထားရန်လို အပ်ကြောင်း ဦးလှထွန်းက အသိပေးသည်။
    ယခုနှစ် မိုးဥတုကာလတွင် မြန်မာနိုင်ငံသည် တိုက်ရိုက်ဝင်ရောက်သည့် မိုခါမုန်တိုင်းအပြင် နိုဝင်ဘာလဆန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်သည့်မုန်တိုင်း များကြောင့် မိုးများ၍ ရေကြီးရေလျှံမှု အခြေအနေများ ကြုံတွေ့ခဲ့ရပြီး ယခုတွင် မိုးရာသီ ကုန်ဆုံးခဲ့ပြီး ဆောင်းရာသီ တောင်သူများ ဆန်စပါးရိတ်သိမ်းချိန်၌ အချိန်အခါမဟုတ် မိုးရွာမည့်အတွက် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေဖို့ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။

Total Views ~ 276

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31235

© 2022 - 2024 News. All Rights Reserved.