မုန်တိုင်းငယ် အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် အချို့မှာ နေရာကွက်ပြီး မိုးကြီးမယ်

၂၀၂၃ ဩဂုတ် ၂

မိုး/ဇလရဲ့ ယနေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်နှင့် မုတ်သုံ လေအားအလွန်ကောင်းနေခြင်းတို့ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ခီပူပါရာမြို့(Khepupara)အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်း သော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကုန်းတွင်းသို့ ရောက်ရှိ ခဲ့ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရတယ်လို့လည်းဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်နှင့် မုတ်သုံလေ အား အလွန်ကောင်းနေခြင်းတို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိ ပြုနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

Total Views ~ 386

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.