မုန်တိုင်းဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ပင်လယ်ပြင် ဇာတ်တိုက်လေ့ကျင့်

၂၀၂၃ ရခိုင် ၊ မေ ၉

မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် ပင်လယ်ပြင် ဇာတ်တိုက်လေ့ကျင့်ခြင်းအား ယနေ့ ( မေ ၉) ယ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ Welcome To Kyauk Phyu အနီးပင်လယ်ပြင်၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မုန်တိုင်းဘေးကြောင့် ပင်လယ်ပြင်တွင်မျောပါပြီး ရေနစ်မြုပ်နေသူများအား ရှာဖွေ ကယ်ဆယ်ပေးခြင်း၊ ရှေးဦးသူနာပြုစုပေးခြင်း၊ အရေးပေါ်ကားဖြင့် သယ်ဆောင်ခြင်းတို့အား သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်ပြီးအဆိုပါ ဇာတ်တိုက် လေ့ကျင့်မှုသို့ ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 440

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.