မုန်တိုင်းအရှိန်နဲ့ အနောက်တောင်မုတ်သုံလေအားကောင်းနေ

၂၀၂၃ ဩဂုတ် ၁

မုန်တိုင်း 04B ရဲ့ ညာဘက်ခြမ်းက အဖျားခတ်ခံနေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကတော့ ဩဂုတ် ၁ ရက်(ဒီနေ့)ညနေပိုင်းမှာ မုန်တိုင်းအရှိန်သက်ရောက်မှု လျော့ကျသွားပါမယ်။

မုန်တိုင်းက အကြီးကြီးမဟုတ်(ဗဟိုလေတိုက်နှုန်း အများဆုံး 40 to 50 knots - တစ်နာရီ ၄၅ မိုင်မှ ၅၅ မိုင်ခန့်သာရှိတဲ့အတွက်)ကမ်းရိုးတန်းဒေသတွေမှာသာ မိုး/လေပြင်းထန်ပြီး ကုန်းတွင်းပိုင်းနဲ့ အလယ်ပိုင်းဒေသတွေအထိသက်ရောက်မှုက မများပါဘူး၊ ၂၄ နာရီအတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာနိုင်မဲ့အခြေအနေတွေတော့ ဖြစ်လာပါမယ်။ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးနိုင်မဲ့ အခြေအနေတွေလဲ ဖြစ်နိုင်ပါမယ်။

အလယ်ပိုင်းဒေသတွေထဲက မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ နထိုးကြီး၊ မြစ်သား၊ ကျောက်ဆည်နဲ့ တံတားဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊နဲ့ ခင်ဦးမြို့နယ်တွေမှာတော့ နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၁ လက်မ မှ ၀.၂ လက်မ ရွာနိုင်(မိုးနည်းပါမယ်) ကျန်တဲ့ အလယ်ပိုင်းဒေသတွေမှာတော့ နေရာကွက်ပြီး မိုးများနိုင်ပါမယ် ၂၄ နာရီအတွင်းရနိုင်မဲ့ အများဆုံးမိုးရေချိန်ကတော့ ၁ လက်မလောက်ပါဘဲ။

၂၄ နာရီအတွင်းမှာ ရခိုင်နဲ့ ဧရာဝတီကမ်းရိုးတန်းတစ်လျောက်၊ ပဲခူးတိုင်းအနောက်ခြမ်း-စစ်တောင်းမြစ်ဝှမ်းတစ်လျောက်နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မကျော်ရွာသွန်းပြီး မိုးများနိုင်ပါမယ်။ ရေကြီးနိုင်မဲ့ ဒေသတွေ ဆက်ပြီး သတိရှိနေကြရပါဦးမယ်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။

 

Total Views ~ 662

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.