မေလ ၆
မေလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ပြီး ဘယ်နေရာကို ဝင်မယ်ဆိုတာကတော့ အတိအကျ ခန့်မှန်းလို့မရသေးဘူးလို့ မိုးလေဝသပညာရှင်စုစုစံက ပြောကြားလိုက်ပါတယ်။
မိုးလေဝသပညာရှင်စုစုစံက “ မေလ ၁၁ရက်နေ့မှ၁၄ရက်နေ့အတွင်း ဘင်္ဂလားပင်လယ် အော်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး အဆိုပါရက်များတွင် မုန်တိုင်ညာဖက် ယက်တင် လေ အထက်လေစီးကြောင်းများမှမြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာမိုးတွေရွာနိုင်ပါတယ်။ မုန် တိုင်း ဘယ်နေရာဝင်မယ်ဆိုတာအတိအကျခန့်မှန်းပေးနိုင်ရန်ခက်ခဲနေပါသေးတယ် ။ ဖြစ် နိုင် ချေရှိ တာကတော့ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေရှ် ကော့ဘဇား စစ်တကောင်း ကမ်းခြေဒေသတွေကိုဝင်ရောက်နိုင်တဲ့အလားအလာရှိပါတယ်။လေစီး data မငြိမ်သေးလို့ အတိအကျတော့မပြောနိုင်သေးပါဘူး” လို့ ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းက ပြောကြားထားပါတယ်။
ယခု နှစ် မိုးတွင်းကာလတွေ ဖြစ်တဲ့ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလ တွေမှာ မုတ်သုန်လေပုံမှန်ထက်အားကောင်းနိုင်ပြီး ရွာသွန်းမြဲထက် တစ်ဆခွဲကျော် ပိုမိုရွာသွန်းနိုင်ကာ သြဂုတ်လ နှင့် စက်တင်ဘာလတို့တွင် မုတ္တမပင်လယ်ကွေ့အတွင်း မုတ်သုန်လေအားအလွန်ကောင်းနိုင်ကာ မွန်ပြည်နယ်၊ကရင်ပြည်နယ် ပဲခူးတိုင်းအရှေ့တောင်ပိုင်းနှင့် ရန်ကုန်တိုင်းအရှေ့ပိုင်းဒေသတွေမှာရွာသွန်းမြဲထက် ၂ဆ ကျော် ပိုမိုရွာသွန်းနိုင်ကာမိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်လို့လည်း ပြောကြား ထားပါတယ်။